
APM ၊ အောက်တိုဘာ ၃၁ / ၂၀၂၃
ကချင်လွတ်လပ်ရီးတပ်မတော် KIA ဌာနချုပ် လိုင်ဌာမြို့အနားကို ဒေနိ(အောက်တိုလာ ၃၁ ရက်နိ) နိခင်းပိုင်းမာ စစ်ကောင်တပ်က လီကြောင်းတိုက်ခိုက်မှု ပြုလုပ်ခကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က သတင်းထုတ်ပြန်ပါရေ။
ဒေနိ နိခင်း ၂ နာရီခွဲလောက်ကစပနာ လိုင်ဇာမြို့အနား၊ အလန့်ဘွမ်တောင်ဖက်ကို စစ်ကောင်စီတပ်က တိုက်လီယာဉ်နန့် (၃) ကြိမ်ထက်မနည်း လီကြောင်းတိုက်ခိုက်မှုပြုလုပ်ခရေလို့ ဆိုပါရေ။
ဒေနိမိုးထပိုင်းကလည်း ကချင်ပြည်အခြီစိုက် ခါယာတောင်စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးတိနန့် လိုင်ဇာမြို့အနားပတ်ဝန်းကျင်ကို ပစ်ခတ်နီကြောင်း ညီနောင်မဟာမိတ်(၃) ဖွဲ့က ထုတ်ပြန်ခပါသိမ့်ရေ။
ယင်းလက်နက်ကြီးကျည်တိစွာ လိုင်ဇာဟိ ရက္ခိုင့်တပ်တော် (Arakan Army – AA) တပ်စခန်းတိဟိရေနီ ရာပတ်ဝန်းကျင်အပါအဝင် အောက်တိုဘာ ၉ ရက်နီက လက်နက်ကြီးကျရောက်ပေါက်ကွဲခရေ မုန်လိုင်ခတ် ပတ်ဝန်းကျင်နီရာတိသို့ ကျရောက်ပေါက်ကွဲခကြောင်း သိဟိရပါရေ။
