APM ၊ အောက်တိုဘာ ၃၁ / ၂၀၂၃
မုန်တိုင်းဒဏ်ခံခရရေ ရက္ခိုင်က ငါးဖမ်းလုပ်ငန်းတိစွာ ပြန်လည်ပတ်နိုင်ဖို့ အရင်းအနှီးတိ အများကြီး စိုက်ထုတ်ပနာ ခက်ခက်ခဲခဲ ရုန်းကန်နီကတ်ရကြောင်းသိရပါရေ။
မေ ၁၄ ရက်နိက တိုက်ခတ်ခရေ Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရက္ခိုင်ကမ်းရိုးတန်းက ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နီရေ ငါးဖမ်းဘုတ်တိ ငါးဖမ်းစက်လှီချေတိအပါအဝင် ပိုက်ကွန်တိ ပျက်စီးဆုံးယှုံးခရပါရေ။
လက်ဟိ ယင်းငါးဖမ်းလုပ်ငန်းတိကို ပြန်လို့ လုပ်ကိုင်နိုင်ဖို့အတွက် အရင်းအနှီးတိ အများကြီး စိုက်ထုတ်ထားရရေလို့ ပေါက်တောမြို့နယ်၊သဲခုံရွာက ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နီရေလူတိက ပြောပါရေ။
“မုန်တိုင်းနန့် ဘုတ်တိ စက်လှေတိအားလုံးပျက်စီးလားရေဆိုခါ ဒေနှစ် ငါးဖမ်းသမားတိအတွက် ကကောင်းခက်ခဲလားရေ။ ကိုယ်ရို့မာက အဓိက ငါးလုပ်ငန်းကို အားကိုးနီရစွာဆိုခါ မဟိဟိကြောင်းပြုလို့ အရင်းအနှီးတိစိုက်ပြီးကေ အဆင်ပြေအောင်တော့ ရုန်းကန်နီရစွာပါရာ” လို့ ဆိုပါရေ။
ယင်းအပြင် မုန်တိုင်းတိုက်ပြီးနောက်ပိုင်းကစလို့ ငါးဖမ်းလုပ်ငန်းနန့် ဆက်စပ်ပစ္စည်းတိအားလုံးဈီးနှုန်းမြင့်တက်လားပနာ လက်ဟိမာ ငါးဖမ်းပိုက်ဖောင်တခုမာ လိုအပ်တေ ပစ္စည်းတိကို အစအဆုံး ဈီးကြီးပီးပနာ ဝယ်ယူတပ်ဆင်နီရရေလို့ ပြိုင်းတောင်ရွာက ငါးဖမ်းလုပ်ငန်းသျှင်တယောက်က ပြောပါရေ။
မုန်တိုင်းမတိုက်ခင်က ကိုယ်ပိုင်ငါးဖမ်းစက်လှေချေတိနန့် တနိုင်တပိုင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နီခကတ်တေ လူတချို့လည်း အဂုခါ အရင်းအနှီးမစိုက်နိုင်လို့ ကိုင်ပိုင်ငါးဖမ်းလုပ်ငန်းမလုပ်နိုင်ဘဲ အငှားလုပ်ကိုင်နီကတ်ရလူတိလည်း ဟိပါရေ။
ရက္ခိုင်မာ ဝိုင်းပိုက်ငါးဖမ်းလုပ်ငန်းကို တန်ဆောင်မုန်းလဆန်းကနီ ရာသီဥတုကောင်းကေ ကောင်းသလောက် တန်ခူး ကဆုန်လရို့အထိ ကမ်းနန့် ၄ မိုင်၊ ၅ မိုင်ကွာ ပင်လယ်ပြင်မာ ပြုလုပ်ကတ်ကြောင်း သိရပါရေ။
ရက္ခိုင်မာ မေ ၁၄ ရက်နိက တိုက်ခတ်ခရေ Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ငါးဖမ်းလုပ်ငန်းတိအပါအဝင် တခြားစီးပွာရီးလုပ်ငန်းတိလည်း ထိခိုက်ပျက်စီးဆုံးယှုံးမှုများပြားခရရေပိုင် ရက္ခိုင်ပြည်သူတသန်းကျော် မုန်တိုင်းဒဏ်သင့်ခရပါရေ။