APM ၊ ဂျန်နဝါရီ ၃၁ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းယူလားပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲဆိုခံထားရသည့်ကျောက်ဖြူဒေသခံ နှစ်ယောက်အမှုကို ဒေနိ(ဂျန်နဝါရီ ၃၁ ရက်နိ)တွင် (၈) ကြိမ်မြောက်ရုံးထုတ်ခရာ ဒေနိရုံးချိန်းတွင်လေ့ မြန်မာစစ်တပ်ဖက်မှ တရားလိုမရောက်၍ မစစ်ဆီးခဘဲ လာမည့်ဖေဖော်ဝါရီ ၇ ရက်နိသို့ ရုံးချိန်းထပ်ရွှိ ဆိုင်းလိုက်ရကြောင်း သိရသည်။
ယင်းသို့ ရုံးချိန်းရွှိဆိုင်းခံလိုက်ရသူနှစ်ယောက်မှာ ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ရွာမှ ဦးသိန်းတန်(၄၇ နှစ်)နန့် ဦးတင်အောင်(၅၀နှစ်) ရို့ဖြစ်ကတ်သည်။
အမှုကို ဒေနိ နိခင်း ၂ နာရီကျော်က ကျောက်ဖြူမြို့နယ်တရားရုံး၌ ရုံးထုတ်ခကာ ဒေနိရုံးချိန်းတွင်လေ့ တရားလို မရောက်၍ ဖေဖော်ဝါရီ ၇ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ပြီး၊ ရုံးထုတ်သည့်နိမှစကာ လက်ဟိအချိန်ထိ ရုံးချိန်း (၈) ကြိမ်တိုင်တိုင် မြန်မာစစ်တပ်ဖက်မှ တရားလိုမရောက်၍ စစ်ဆီးနိုင်ခြင်းမဟိသိမ့်ဟု မိသားစုဝင်များက ပြောသည်။
ဦးတင်အောင်နန့် ဦးသိန်းတန်ရို့ကို ကုန်ခသည့် ၂၀၂၂ ခုနှစ် နိုဗမ်ဘာ ၆ ရက်နိတွင် ကျောက်ဖြူအခြီစိုက် မြန်မာစစ်တပ် ခလရ(၃၄)မှ တပ်ဖွဲ့ဝင်များက ဖမ်းလားခခြင်းဖြစ်ပြီး၊ ၎င်းရို့နှစ်ယောက်ကို နိုဗမ်ဘာ ၁၃ ရက်နိတွင် ကျောက်ဖြူမြို့နယ်တရားရုံး၌ ပုဒ်မ ၁၇(၁)နန့် တရားစွဲဆိုထားခြင်းဖြစ်သည်။
ယင်းနောက်ပိုင်းမှစကာ ရုံးချိန်းတိုင်း၌ မြန်မာစစ်တပ်ဖက်မှ တရားလိုမရောက်၍ ရုံးချိန်းအကြိမ်ကြိမ်ရွှိဆိုင်း နီရခြင်းဖြစ်ကြောင်း သိဟိရပါသည်။