
APM ၊ ဂျန်နဝါရီ ၃၁ / ၂၀၂၃
ကျောက်တော်မြို့နယ်၊ သရက်အုပ်စစ်ဖီးယှောင်စခန်းတွင် သောက်သုံးရီအခက်အခဲနန့် ရင်ဆိုင်နီကတ်ရကြောင်း
သိရသည်။
သရက်အုပ်စစ်ဖီးယှောင်စခန်းတွင် ပလက်ဝမြို့နယ် နမာဒါ၊ ကြက်ဥဝ ၊ အဘောင်သား၊ စိမ်းညှင်းဝ၊ ပလုတ်တောင်၊ ပျဥ်ဝရွာနန့်ကျောက်တော်မြို့နယ် မီးဝ၊ ရုပ်သား၊ နဂါရွာ၊ ပီဝ၊ မိုရွာ၊ မြင်းကပ်၊ ပီချောင်းဝ၊ မျောက်တောင်၊ ပြိုင်းတိုင်းနန့် တင်းမရွာရို့မှဒေသခံများလာရောက်ခိုလှုံနီကတ်ခြင်းဖြစ်သည်။
လက်ဟိတွင် ယင်းစခန်းဟိ စစ်ဖီးယှောင်များအသုံးပြုနီသည့်ရီကန်၌ ရီခမ်းလား၍ ချောင်းရီကို သောက်သုံးနီကတ်ရပြီး ရည်ရှည်တွင် ကျန်းမာရီး ထိခိုက်လာမည်ကို စိုးရိမ်နီကတ်ရကြောင်း စစ်ဖီးယှောင်များက ပြောသည်။
ယင်းအပြင် ယင်းစစ်ဖီးယှောင်စခန်းတွင် အဆောင်များဆောင်လုပ်၍လေ့ မပြီးနိုင်သိမ့်ဘဲ သစ်ဝါးများအပြင် အိမ်ဆောက်ကိရိယာများ လိုအပ်နီသည့်အပြင် စားနပ်ရိက္ခာများလေ့ အခက်အခဲဖြစ်နီကတ်သည်ဟု ဆိုသည်။
ကျောက်တော်မြို့ပေါ်ဟိ စစ်ဖီးယှောင်စခန်းများမှာ လူများပြည်နက်နီသည့်အတွက် သရက်အုပ်ကျေးရွာနံပါးသို့ ပြီးခသည်လမှ စစ်ခန်းအသစ်ချရစွာဖြစ်ကြောင့် စခန်းတာဝန်ခံများမှ ပြောသည်။
သရက်အုပ်စစ်ဖီးယှောင်စခန်းမှ စစ်ဖီးယှောင်များသည် ကျောက်တော်မြို့ပေါ်ဟိ စစ်ဖီးယှောင်စခန်းများ၌ လူများ၍ ကျပ်ကျပ်တည်းတည်း နီထိုင်နီကတ်ရသည့်အတွက် သရက်အုပ်ရွာနားသို့ ပြောင်းရွှိခိုလားကတ်ရခြင်းဖြစ်ပြီး အိမ်ထောင်စုပေါင်း ၃၆၀ နန့် လူဦးရေစုစုပေါင်း ၁၅၄၇ ယောက် ဟိကြောင်း သိဟိရပါသည်။


