APM၊ အောက်တိုဘာ ၃၀/၂၀၂၂
ကျောက်တော်မြို့နယ်၊ ဆင်မရွာကို အောက်တိုဘာ ၂၉ ရက်နိ ညည့်၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခသည့် အတွက် ရွာသားတချို့ထိခိုက်ဒဏ် ရာရဟိပြီး၊ အိမ်တချို့ပျက်စီးလားခကြောင်း သိရသည်။
ဆင်မရွာကို ကျောက်တော် အခြီစိုက် စစ်ကောင်စီတပ် ခမရ (၅၃၉) တပ် ရင်းမှ အောက်တိုဘာ ၂၉ ရက်နိ ညည့် ၈ နာရီခွဲခန့်မှစ၍ ညည့် ၉ နာရီအထိ လက်နက် ကြီး များဖြင့် ပစ်ခတ်ခခြင်းဖြစ် သည်။
လက်နက်ကြီးကျည်ကြောင့်ရွာသား ၂ ယောက်ထက်မနည်း ထိခိုက်မှု စကေဟိခပြီး၊အနည်းဆုံး အိမ် ၃ လုံး ပျက်စီးလားခသည်ဟုဒေသခံများကပြောသည်။
လက်နက်ကြီးကြောင့်ပျက်စီးလားခ သည့်အိမ်များမှာ ဦးဦးလှမောင်၊ ဦးစိန်ညိုအောင်ရို့၏နီအိမ်များနန့် နောက်ထပ်အိမ်တလုံးလေ့ ပါသိမ့်သည်ဟု ဆိုသည်။
ယင်းအပြင် အောက်တိုဘာ ၂၉ ရက်နိ မွန်းလွဲပိုင်းကလေ့ ကျောက်တော်အခြီစိုက် စစ်ကောင်စီတပ် စကခ(၉)တပ်မမှ တိုက်ပွဲဖြစ်ပွားခြင်းလုံးဝမဟိပါဘဲ ကျောက်တော်မြို့နယ် ရုပ်သား ကျေးရွာဘုန်းကြီး ကျောင်းကို ဒရုန်းဖြင့် ရည်ရွယ် ချက်ဟိဟိ တမင်တကာ ပစ်ခတ်တိုက်ခိုက်ခပါသိမ့်သည်။
စစ်ကောင်စီတပ်သည် ကျောက်တော်အပါအဝင်ရက္ခိုင်ပြညမြို့နယ်များ၌ ဂျက်တိုက်လီယာဉ်များ၊ ဒရုန်းများနန့်လက်နက်ကြီးများကို အသုံးပြုလျက် အပြစ်မဲ့ပြည်သူ များနီထိုင်ရာ ရပ်ရွာများဟိ လူနီအိမ်များ၊ စာသင်ကျောင်းများ၊ သာသနိက အဆောက်အဦများအား ရည်ရွယ်ချက်ဟိဟိ နိစဉ်ရက်ဆက်ပစ်ခတ်တိုက်ခိုက်နီသည့်အ ပြင် ဒေသခံပြည်သူများအား မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာ အဖြစ် အသုံးပြုခြင်းများကိုပါ တစိုက်မတ်မတ် ပြုလုပ်လျက်ဟိကြောင်း သိဟိရသည်။