APM၊ စပ်တမ်ဘာ ၃၀/၂၀၂၂
စစ်တွေတွင်စပ်တမ်ဘာ ၂၈ ရက်နိညည့်အချိန်၌ ALP တပ်ဖွဲ့ဝင်များမှ ဓားရှည်ကိုယ်စီကိုင်ဆောင်လျက် အပြစ်မဲ့ အရပ်သားပြည်သူ များအား ဝိုင်းဝန်းအနိုင်ကျင့် ရိုက်နှက်မှုများ ပြုလုပ်နီကြောင်း ဒေသခံမျက်မြင်များက ပြောသည်။
ALP အဖွဲ့မှ ဗိုလ်အဆင့်ဟိသူ ရာသျှားဦးဆောင်သည့် ALP တပ်ဖွဲ့ဝင် ၃ ယောက်သည် စပ်တမ်ဘာ ၂၈ ရက်နိညည့် ၁၁ နာရီခွဲအချိန် ခန့်၌စစ်တွေမြို့၊စက်ရုံစုရပ်ကွက်၊အေးသာယာလမ်းဟိ ကိုကျော်မောင် ကားဝပ်ချော့ ရှိတွင် ကားထက်၌အိပ်နီသော ကသဲရပ်ကွက်မှ အဘုဆိုသူအား ဝိုင်းဝန်းရိုက်နှက်မှုများ ပြုလုပ်ခကတ်သည်ဟု ဆိုသည်။
ယင်းသို့ဝိုင်းဝန်းရိုက်နှက်မှုကြောင့် အဘုမှာ ဝပ်ချော့ထဲသို့ ဝင်ဗြီးရာ ဝပ်ချော့ထဲအထိလိုက်လံရိုက်နှက်မှုများပြုလုပ်လာ၍ စက်ဆရာ ကိုညီညီမှ ဝင်ရောက်ဟန့်တားသည်။ ယင်းသို့ဟန့်တားရကောင်းလားဟုဆိုကာ ရာသျှားဦးဆောင်သော ALP တပ်ဖွဲ့ဝင်များက စက် ဆရာ ကိုညီညီကိုပါ ဝိုင်းဝန်းရိုက်နှက်ကန်ကျောက်လျက် ဓားနန့်ခွတ်ရန် လုပ်ဆောင်ခကတ်ကြောင်း မျက်မြင်များက ပြောသည်။
တချိန်တည်းမှာ ကိုညီညီ၏ဇနီးဖြစ်သူ မဆန်းဆန်းဌေးကိုလေ့ ရာသျှားက ဓားဖြင့်လိုက်ခွတ်သည့်အတွက် မဆန်းဆန်းဌေး၌ ပြတ် သျှ ဒဏ်ရာတခု ရဟိလားခပြီး သူရို့လင်မယားနှစ်ယောက်စလုံး ထွက်ဗြီးတိမ်းယှောင်နီကတ်ရကြောင်း သိဟိရပါသည်။
ကုန်ခသည့် ဩဂတ်စ် ၇ ရက်နိလေ့ စစ်တွေမြို့၊ နာဇီရွာစက်ရုံစုရပ်ကွက်မှ ကိုသိန်းဆန်းဆိုသူအား ယင်းရပ်ကွက် ကန်ဘောင် အနား၌ ALP တပ်ဖွဲ့ဝင် ၆ ယောက်ခန့်က သီနတ်ဖြင့် ၄ ချက်ပစ်ခတ်ဖမ်းဆီးရာ ကိုသိန်းဆန်း၏ ညာဖက်ခြီထောက် ခြီသလုံးကို တချက်ထိမှန်၍ ထွက်ဗြီးလွတ်မြောက်ခသိမ့်သည်။
ကိုသိန်းဆန်းကို ဖမ်းမရလိုက်သောအခါ ALP တပ်ဖွဲ့ဝင်များသည် ကိုသိန်းဆန်း၏ မယားဖြစ်သူ ကိုယ်ဝန်ဆောင်မိခင် မလုံးလုံး ဌေး(ခ)စိုးစိုးဌေးအား အကြမ်းပတမ်း ဖမ်းဆီးဆွဲခေါ်လားခကာ အားပါးတရဖိနှိပ်စစ်ဆီးခသည့်အတွက် မစိုးစိုးဌေး၏ဝမ်းထဲမှ သန္ဓေ သားမှာ ပုံမှန်အနီအထားကနီ ပုံမှန်မဟုတ်သည့်အနီအထားသို့ ရောက်ဟိလားခရကြောင်း သိဟိရပါသည်။
(Zawgyi)
စစ်တွေတွင် ဓားရှည်ကိုယ်စီကိုင်ဆောင်ထားသည့် ALP တပ်ဖွဲ့ဝင်များမှ အပြစ်မဲ့အရပ်သားပြည်သူများကို ဝိုင်းဝန်း အနိုင်ကျင့်
APM၊ စပ်တမ်ဘာ ၃၀/၂၀၂၂