APM၊ စပ်တမ်ဘာ ၃၀/ ၂၀၂၂
စစ်ကောင်စီသည် ရက္ခိုင်ပြည်သို့ ဆီးဝါးပစ္စည်းများ တင်သွင်းခွင့်ကို စပ်တမ်ဘာ တတိယ အပတ်မှစ၍ တင်းတင်းကျပ်ကျပ် တားမြစ် ပိတ်ပင်လာသည့်အတွက် မြို့နယ်တချို့ဟိ ဆီးရုံ၊ဆီးခန်းများ၌ လူနာများအား ဆီးကုသပီးရန် ဆီးဝါး အခက်အခဲနန့် ရင်ဆိုင် ကြုံတွိနီရကြောင်း သိဟိရသည်။
အဆိုပါ စစ်ကောင်စီ၏ ဆီးဝါးတင်သွင်းခွင့်ပိတ်ပင်ခံထားရသည့်မြို့နယ်များမှာ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏား ကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေနန့် ပေါက်တော စသည့်မြို့များဖြစ်သည်။
မင်းပြားမြို့မှ ဆီးဆိုင်ပိုင်သျှင် တယောက်က ” ညဇာကလေ့ ဆီးဝါးပစ္စည်းတင် လာရေ ကားငါးစီးလောက် အမ်းဂိတ်ကနီ လှည့်ပြန် လား ခရရေ။ ရက္ခိုင်ပြည်ဖက်သို့ ဆီးဝါးပစ္စည်းတိ လုံးဝအဝင်မခံပါ”ဟု ဆိုသည်။
ရက္ခိုင်ပြည်တွင်းမှာပင် စစ်တွေမြို့ဆီးကုမ္ပဏီများထံမှဆီးဝါးပစ္စည်းများ မှာယူသည့်အခါလေ့ စစ်တွေဆိပ်ကမ်းမှဘုတ်ဖြင့် ထွက် သည့်အခါ စစ်တွေချောင်းထွက်ဝဟိ ကင်းလှည့်နေဗီမှ ဆီးဝါးပစ္စည်ပါမပါ စစ်ဆီးကြောင်း ၎င်းက ဆိုသည်။
ကုန်ခသည့် ရက်ပိုင်းကလေ့ မြေပုံမြို့နယ် ငပသုန်ရွာ တိုက်နယ်ဆီးရုံအတွက် သယ်ဆောင်လာသော ဆီးဝါးများပါသည့်ဘုတ်အား ပေါက်တောမြို့နယ်၊ တောင်းဖူးရွာနားအရောက်တွင် စစ်ကောင်စီတပ်က စစ်ဆီးမှုအပေါ် ဖြေယှင်းရန်လားရောက်သူ ငပသုန်ရွာ တိုက်နယ်ဆရာဝန် ဒေါက်တာဝင်းနိုင်စိုးကို စစ်ကောင်စီက ပြန်လွှတ်မပီးဘဲ ဒေနိအထိ ဖမ်းဆီးထိန်းသိမ်းထားသည်။
စစ်ကောင်စီ၏ ဆီးဝါးပစ္စည်းများ တင်သွင်းခွင့်ပိတ်ပင်ထားခြင်းနန့်ပတ်သက်၍ ကျန်းမာရီးဌာန ဝန်ထမ်းများကလေ့ “အဂုလအတွက် အသုံးပြုရန် ဆီးဝါးပစ္စည်းများဆီးရုံသို့မရောက်သိမ့်ပိုင်၊ ဆီးဂိုဒေါင်ထဲဟိ ဆီးဝါးများ ကလေ့ လုံလောက်မှုမဟိသဖြင့် မကြာခင် ကာလအတွင်း လူနာများအား ကုသရန် ဆီးဝါးများ လုံးဝပြတ်တောက်လားမည်ကို အထူးစိုရိမ်နီရကြောင်း” ပြောဆိုကတ်သည်။
စစ်ကောင်စီသည် မြန်မာပြည်မှ ရက္ခိုင်ပြည်သို့ ဆီးဝါးပစ္စည်းများတင်သွင်းခွင့်ကိုရာ တားမြစ်ပိတ်ပင်ထားသည်မဟုတ်၊ ဆန်၊ စားသုံးဆီ၊ စက်သုံးဆီ၊ မြီဆီ၊ သံချောင်း၊ ဘိလပ်မြီ စသည့် ပစ္စည်းများကိုလေ့ တင်သွင်းခွင့်ပိတ်ပင်ထားပြီး အဆိုပါပစ္စည်းများအား သယ်ယူလာသည်ကို စစ်ဆီးတွိဟိပါက ဖမ်းဆီးအရေးယူမှုများဟိကြောင်း သိရသည်။
(Zawgyi)
ရက္ခိုင်ပြည်သို့ ဆီးဝါးတင်သွင်းခွင့်ကို စစ်ကောင်စီ ပိတ်ထားသည့်အတွက် မြို့နယ်တချို့တွင် ဆီးဝါးအခက်အခဲကြုံ
APM၊ စပ်တမ်ဘာ ၃၀/ ၂၀၂၂