
APM ၊ ဩဂတ်စ် ၃၀ / ၂၀၂၃
အမေရိကန်နိုင်ငံတွင် ဟာဝိုင်ယီတောမီးလောင်မှုပြီးနောက် ဝါရှင်တန်ပြည်နယ်နန့် အော်ရီဂွန်ပြည်နယ်ရို့တွင် တောမီးလောင်မှု များထပ်မံဖြစ်ပွားနီပြီး မီးသတ်သမား ၈ ထောင်ကျော်နန့် မီးငြိမ်းသတ်နီရကြောင်း အာဏာပိုင်များက ထုတ်ပြန်သည်။
အော်ရီဂွန်နန့် ဝါသျှင်တန်ပြည်နယ်ရို့တွင် ကြီးမားသည့်တောမီးပေါင်း ၁၇ ခုသည် ဧကပေါင်း ၁၂၅၀၀၀ ကျော်ကို လောင်ကျွမ်းနီရာ မီးသတ်သမား ၅၀၀၀ နီးပါး မီးငြိမ်းသတ်နီရကြောင်း အနောက်မြောက် ပူးပေါင်းဆောင်ရွက်ရီးဌာနမှ သြဂတ်စ် ၂၉ ရက်နိကအစီရင်ခံစာထုတ်ပြန်သည်။
ဝါသျှင်တန်ပြည်နယ်အရှိပိုင်း စပုတ်ကိန်းမြို့အနီးတဝိုက်တွင် တောမီး လောင်မှုများကြောင့် ဩဂတ်စ် ၁၈ ရက်နိနန့် ၂၀ရက်နိက အသက် ၈၆ နှစ်နန့် အသက် ၄၉ နှစ်အရွယ် အမျိုးသားနှစ်ယောက်သီဆုံးခပြီး နီအိမ်အဆောက်အအုံ ၃၅၀ ကျော် မီးလောင်ပျက်စီးခကြောင်း သိရသည်။
တောမီးလောင်မှုများသည် ကုန်ခသည့် ဩဂတ်စ် ၁၈ ရက်နိမှစတင်ဖြစ်ပွားခရာ ဝါသျှင်တန်ပြည်နယ်တွင် ဩဂတ်စ် ၁၉ရက်နိက အရေးပေါ်အခြေအနီကြေညာခပြီး လက်ဟိအချိန်အထိ တောမီးလောင်ကျွမ်းမှု ၅ ခုဖြစ်ပွားနီရာ ရဟတ်ယာဉ် ၁၁ စင်း အပါအဝင် မီးသတ်သမား ၁၅၄၆ ယောက် မီးငြိမ်းသတ်လျက်ဟိသည်ဟု ပြည်နယ်အစိုးရ ဆိုသည်။
အလားတူ အောရီဂွန်ပြည်နယ်တွင်လေ့ တောမီးလောင်ကျွမ်းမှု ၁၂ ကခု ဖြစ်ပွားနီရာ မီးသတ်ရဟတ်ယာဉ် ၃၇ စင်း အပါအဝင် မီးသတ်သမား ၃,၃၆၂ ယောက် မီးငြိမ်းသတ်လျှက်ဟိကြောင်း သိဟိရသည်။
Source – Oregon, Washington faces total of 17 large wildfires spanning 125,000 acres
Photo AP
