
APM၊ ဩဂတ်စ် ၃၀ / ၂၀၂၃
ပါကစ္စတန်၀န်ကြီးချုပ်ဟောင်း အီမရာခန်းအပေါ် ချမှတ်ထားသည့် အကျင့်ပျက်ခြစားမှု စီရင်ချက်နန့် ထောင်ဒဏ် ၃နှစ်ကို အယူခံ တရားရုံးက ဩဂတ်စ် ၂၉ ရက်နိ၌ ဆိုင်းငံ့လိုက်ကြောင်း ၎င်း၏ ရှိနီများနန့် တရားရုံးတာဝန်ဟိလူများက ပြောကြားသည်။
အဆိုပါကြေညာချက်ထွက်ပြီး နာရီပိုင်းအကြာတွင် အစ္စလာမာဘတ်ဟိ တရားရုံးချုပ်သည် အီမရာခန်းကို အာမခံပီးကြောင်း စာဖြင့်စီရင်ချက်ချခရာ အီမရာခန်းထောက်ခံလူများက စီရင်ချက်အပေါ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခကတ်သည်။
အသက် ၇၀ အရွယ် အီမရာခန်းသည် ၎င်းအပေါ် ချမှတ်ထားသည့် စီရင်ချက်နန့် ပြစ်ဒဏ်ကို ဖယ်ယှားနိုင်မှရာ နိုဗမ်ဘာလတွင် ကျင်းပမည့် ရွီးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။
တရားရုံး၏ စီရင်ချက်သည် ပြစ်ဒဏ်ကို ဆိုင်းငံ့လိုက်ခြင်းဖြစ်သည့်အတွက် ပြစ်ဒဏ်ကို ဖယ်ယှားမည်လား ဆိုသည်ကိုလည်း တရားရုံးက ဆုံးဖြတ်ရမည်ဖြစ်ကြောင်း အစ္စလမ်မာဘတ်ဟိ ဥပဒေရီးရာကျွမ်းကျင်လူ Hashmat Habib က ပြောကြားသည်။
အီမရာခန်းကတော့ ၎င်းအပေါ် စွဲဆိုထားသည့် စွဲချက်များကို ငြင်းဆိုထားပြီး တရားရုံး၏ ဆုံးဖြတ်ချက်ကြောင့် ၎င်း၏ PTI ပါတီ ကို ထပ်မံဦးဆောင်ခွင့်ရခမည်ဖြစ်သည်။
ယေကေလေ့ အီမရာခန်းသည် တရားဝင်လျှို့ဝှက်ချက်များကို ထုတ်ဖော်သည်ဟု စွပ်စွဲခံထားရသည့် နောက်ထပ်အမှုတခုကြောင့် ဒေနိ(ဩဂတ်စ် ၃၀ရက်)နိအထိ ထိန်းသိမ်းခံထားရအုံးမည်ဟု တရားရုံးက ဆိုသည်။
အီမရာခန်းသည် ၂၀၂၀ ခုနှစ်၊ ဧပြီလတွင် ရာထူးမှ နုတ်ထွက်လိုက်သည့်အချိန်မှစ၍ စွဲချက်အများအပြားကို ရင်ဆိုင်နီရပြီး ရွီးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပယ်ချခံထားရသည့်အတွက် အမှုအားလုံးက တရားသီ လွတ်မြောက်အောင် ကြိုးပမ်းရမည်ဖြစ်သည်။
Source – Pakistani court suspends the corruption conviction and sentence of former Prime Minister Imran Khan
Photo – AP
