APM၊ ဂျူလိုင် ၃၀/ ၂၀၂၃
ထိုင်းနိုင်ငံတောင်ပိုင်း၊ နာရသီဝပ်ပြည်နယ်၊ ဆန်ဂိုင်းကိုလခ်မြို့နယ်တွင် ဂျူလိုင် ၂၉ရက်နိ ညဇာပိုင်းက မီးရှူးမီးပန်း သိုလှောင်ရုံ တခုပေါက်ကွဲ၍ လူ ၉ ယောက်သီဆုံးပြီး ၁၀၀ကျော် ထိခိုက်ဒဏ်ရာရဟိခကြောင်း အာဏာပိုင်များက ပြောကြားသည်။
ပေါက်ကွဲမှုသည် ညဇာ ၃ နာရီလောက်က ဖြစ်ပွားခပြီး အဆောက်အအုံအတွင်း ဂဟေဆော်ရာမှတဆင့် ပေါက်ကွဲမှုဖြစ် ပွားခသည်ဟု ပြည်နယ်အုပ်ချုပ်ရီးမှူး Sanan Pongaksorn က ပြောသည်။
ပေါက်ကွဲအားမှာ မီတာ ၅၀၀ လောက်အကွာထိ ပျံ့နှံ့ခ၍ အနားတဝိုက်မှ နီအိမ်များ၌နီထိုင်လူ ၁၀၀ ကျော် ထိခိုက်ဒဏ် ရာ ရလားကာ အပျက်အစီးများအောက်တွင် ပိတ်မိနီလူ အများအပြား ကျန်ဟိ နိုင်ကြောင်း နာရသီဝပ် ပြည်နယ် ပြည်သူ့ဆက်ဆံရီးဌာနက ဆိုသည်။
ပေါက်ကွဲရာနီရာမှာ ဆန်ဂိုင်းကိုလခ်မြို့၏ နယ်စပ်ဖြတ်ကျော်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာ အချက် အချာနီရာဖြစ်ပြီး၊ အဆိုပါနီရာတဝိုက် သိုလှောင်ရုံများနန့် နီအိမ် ၂၀၀ လောက် ပျက်စီးဆုံးယှုံးလားခသည်။
လက်ဟိတွင် ထိခိုက်ဒဏ်ရာရလူများအားဆန်ဂိုင်းကိုလခ်မြို့နယ်ဆီးရုံတွင် ဆီးကုသလျှက်ဟိပြီး ဒဏ်ရာရလူများအနက် ၁၄ ယောက်မှာ အရေးပေါ်အခြေအနီဖြစ်ကြောင်း ဆီးရုံတာဝန်ဟိလူများက ဆိုသည်။
ကုန်ခသည့် ဂျူလိုင် ၂၄ ရက်နိကလေ့ ချင်းမိုင်မြို့တွင် မီးရှူးမီးပန်းစက်ရုံတခု ပေါက်ကွဲခရာ လူ ၁၁ ယောက် ထိခိုက်ဒဏ်ရာရလားခပြီး အနားတဝိုက်မှ လူနီအိမ်များ ထိခိုက်ပျက်စီးခရသိမ့်သည်။
Source – 9 killed in fireworks explosion in Narathiwat
Photo – AP