APM၊ ဂျူလိုင် ၃၀/ ၂၀၂၃
မြန်မာပြည်တွင် ဒေဂု ၂၀၂၃ ခုနှစ်၊ ဂျန်နဝါရီ ၁ရက်နိမှ ဂျူလိုင် ၁၅ရက်နိအထိ သွီးလွန်တုပ်ကွေးရောဂါဖြစ်ပွားလူပေါင်း ၆၆၈၅ ယောက် ဟိပြီး သီဆုံးလူ အယောက် ၃၀ ဟိကြောင်း စစ်ကောင်စီ၏ ကျန်းမာရီးဝန်ကြီးဌာနမှ သိရသည်။
သွီးလွန်တုပ်ကွေးအဖြစ်ဆုံးဒေသများမှာ ဧရာဝတီ၊ မွန်ပြည်၊ သျှမ်းပြည်၊ ရန်ကုန်၊ တနင်္သာရီနန့် ရက္ခိုင်ပြည်ရို့ဖြစ်ပြီး ယင်းအထဲတွင် သျှမ်းပြည်၊ မွန်ပြည်နန့် ရန်ကုန်ရို့သည် ရောဂါဖြစ်ပွားမှုအများဆုံးနန့် သီဆုံးမှုအများဆုံးဖြစ်ကြောင်း ဆိုသည်။
ပြီးခသည့် ၂၀၂၂ ခုနှစ်တွင် မြန်မာပြည်အတွင်း သွီးလွန်တုပ်ကွေးဖြစ်ပွားခလူ ၂၄,၉၇၁ ယောက်ဟိပြီး သီဆုံးလူ ၉၇ ယောက် ဟိခသည်။
သွီးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် Mocha ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခသည့် ရက္ခိုင်ပြည်တွင် ပိုအဖြစ် များနီပြီး နှစ်အစပိုင်းမှ ဂျူလိုင် ၂၁ရက်နိအထိ ရောဂါဖြစ်ပွားသူ ၉၆၃ ယောက်ထိဟိကာ လူ ၆ ယောက် သီဆုံးခကြောင်း သိဟိရသည်။
သွီးလွန်တုပ်ကွေးသည်ရောဂါသည် အေးဒိစ်ခြင်ကျားကိုက်ရာမှ ကူးစက်တတ်သည့် ဗိုင်းရပ်စ်ဖြစ်ပြီး ခေါင်းကိုက်ခြင်း၊ အဖျားကြီးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားနန့် အဆစ်အမြစ်များ နာကျင်ခြင်း၊ ဂလင်းများ ရောင်ရမ်းခြင်း၊ အော့အန် ခြင်းနန့် အနီကွက်များထွက်ခြင်းစသည့် လက္ခဏာများ ဖြစ်ပေါ်တတ်ကာ အသက်သီဆုံးနိုင်သည်အထိ ပြင်းထန်သည့် ရောဂါတမျိုးဖြစ်သည်။
Photo – AFP