
APM၊ ဂျူလိုင် ၃၀/ ၂၀၂၃
လက်ဟိမြန်မာပြည်တွင် ဆန်ဈီးအဆ မတန်မြင့်တက်လာ၍ ဆန်အစား ဆန်ကွဲကို စားသုံးလူ ပိုများလာနီကြောင်း ဆန်နန့် ဆန်ကွဲ ရောင်းဝယ်ရီးလုပ်ကိုင်သူများ က ပြောပါသည်။
နိုင်ငံရီးအကျပ်အတည်းများကြားတွင် ငွေတန်ဖိုးကျဆင်းခြင်း၊လျှပ်စစ်မီး မကြာမကြာပြတ်တောက်ခြင်း၊ ဝယ်ယူသိုလှောင် သူများခြင်းကြောင့် ဆန်ဈီးမြင့်တက်လာရာ ဆန်ကွဲဝယ်ယူစားသောက်နီရသည့် မိသားစုများလာသည်ဟု ဆိုပါသည်။
အယင်က ဆန်ကွဲတအိတ်ကို ၂၀၀၀၀ ကျော်ယာဟိရာမှ ဝယ်ယူစားသုံးသူများလာသည်နန့်အမျှ ဆန်ကွဲတအိတ်ကို ၅၀၀၀၀ ကျပ် အထိ ဈီးမြင့်တက်နီပြီး ဝယ်ယူသူများသည့်အတွက် ဈီးကွက်ထဲတွင် ဆန်ကွဲပြတ်လပ်ခြင်းများပါ ကြုံနီရကြောင်း သိရသည်။
ဆန်ကွဲဈီးနှုန်း ထပ်၍မြင့်တက်လာမည်ဆိုပါက မုန့်လုပ်သည့်ဆန်နန့် တိရစ္ဆာန်များကို ကျွေးသည့် ဆန်ကွဲကြမ်းများကို ဆက်လက်စားသုံးကတ်ရဖွယ်ဟိကြောင်း ဝင်ငွေနည်းပါးသည့် အခြီခံပြည်သူများက ပြောဆိုနီကတ်သည်။
လက်ဟိဆန်ဈီးကွက်တွင် အနိမ့်ဆုံး ငစိန်ဆန် တအိတ်ကို ၆၇၀၀၀ ကျပ်၊ရွှီဘိုပေါ်ဆန်းမွှီး ထူးချယ် တအိတ်ကို ၁၃၀၀၀၀ ကျပ် အထက် ဈီးနှုန်းဟိနီကြောင်း သိဟိရသည်။
Photo–Original Uploader
