APM၊ ဂျူလိုင် ၃၀/၂၀၂၂
စစ်ကောင်စီ၏ ရက္ခိုင်ပြည် လူဖမ်းပွဲကြီးအတွင်း ရက္ခိုင်မြို့နယ်များမှ အပြစ်မဲ့ပြည်သူ အမြောက်အမြားကို ဖမ်းဆီးကာ တချို့ကို ပြန်လွှတ်ပီးခပြီး၊ တချို့ကိုအမှုဆင်၍ ရုံးတင်တရားစွဲလျက်ဟိရာ မြောက်ဦး၌ အဖမ်းခံရသူများအနက်က ၈ ယောက်ကို မြောက်ဦးခရိုင်တရားရုံးတွင် မြန်မာပြည်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ- ၅၀၅(က)နန့် တရားစွဲထားကြောင်း သိရသည်။
ယင်းသို့ မြောက်ဦးမှ ပုဒ်မ- ၅၀၅(က)နန့် ဖမ်းဆီးတရားစွဲခံထားရသူ ၈ ယောက်အထဲတွင် မြောက်ဦးမြို့နယ်၊ ကုန်ဘောင်ရွာမှ အသက် ၁၃ နှစ်အရွယ် မောင်ချစ်စုဘုလေ့ တယောက်အပါအဝင် ဖြစ်သည်။
မြောက်ဦးခရိုင်တရားရုံး၌ တရားစွဲခံထားရသူများမှာ မြောက်ဦးမြို့ကျောက်ရာဇ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင်(၂၂ နှစ်)၊ ဝသဲ ရပ်ကွက်မှ ဦးကိုကိုမြင့်(၂၃ နှစ်)၊ မြောက်ဦးမြို့နယ် တိမ်ညိုရွာမှ ကိုပြည်စုံဝင်း(၃၆ နှစ်)၊ ကုန်ဘောင်ရွာမှ မောင်ချစ်စုဘု(၁၃ နှစ်)၊ မင်းပြားမြို့နယ် အောင်ဒိုင်(မူဆလင်)ရွာမှ ကိုအာဘုလ်ကာသိမ်း(၂၅ နှစ်)၊ ပလက်ဝမြို့မှ မောင်ဖွေးအိုင်(၂၈ နှစ်)၊ မတူပီမြို့မှ မောင်ရန်လျန်း(၄၁)နှစ်နန့် သျှမ်းပြည်ပင်လောင်းမြို့နယ်မှကိုမောင်ဖြိုးဝေ(၂၅နှစ်)ရို့ဖြစ်သည်။
ကုန်ခသည့် ဂျုန် ၂၂ ရက်နိက စစ်ကောင်စီတပ်သည် ၎င်းရို့အားလုံးကို မြောက်ဦးမြို့နယ်မှ ဖမ်းဆီးခပြီး၊ မြောက်ဦးအခြီစိုက် စစ်ကောင်စီတပ် ခမရ (၅၄၀) တပ်ရင်းမှ အရာဟိတယောက်က တရားလိုလုပ်ကာ ပုဒ်မ ၅၀၅(က) နန့် မြောက်ဦးခရိုင် တရားရုံး၌ အမှုဖွင့်တရားစွဲဆိုထားခြင်းဖြစ်သည်။
လာမည့် ဩဂတ်စ် ၂ နိတွင် ရုံးချိန်းထားကြောင်း မိသားစုဝင်များက ဆိုသည်။
စစ်ကြောရီးအတွင်း စစ်ကောင်စီတပ်သားများ၏ လူမဆန်စွာ ရိုက်နှက်နှိပ်စက်မှုများကြောင့် ကိုကျော်ဝင်းလှိုင်မှာ ဒဏ်ရာ ပြင်းထန်၍ ရန်ကုန်၌ ဆီးကုသခံနီရကြောင်း မိသားစုဝင်တယောက်က APM သို့ ပြောသည်။
မြောက်ဦးလူဖမ်းပွဲနန့်ပတ်သက်၍စစ်ကောင်စီတပ်သည် မြောက်ဦး၌ အပြစ်မဲ့အရပ်သားပြည်သူ ၉ ယောက်ကို ဂျုန် ၂၂ ရက်နိ တွင် ဖမ်းဆီးခကြောင်း၊ ယင်းအနက်က မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ရွာမှ အသက် ၃၀ အရွယ် ရောဘတ်ဟူဆောန် တယောက် တည်းကိုရာ ပြန်လွှတ်ပီးခပြီး၊ ကျန် ၈ ယောက်ကို ဆက်ဖမ်းထားကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က ဂျုန် ၂၇ ရက်နိမှာ သတင်းထုတ်ပြန်ခသည်။
(Zawgyi)
စစ္ေကာင္စီလူဖမ္းပြဲအတြင္း ေျမာက္ဦး၌ အဖမ္းခံရသူ ၈ ေယာက္ကို ပုဒ္မ ၅၀၅(က)နန႔္ တရားစြဲ၊ ယင္းအထဲ အေခ် တေယာက္ ပါဝင္
APM၊ ဂ်ဴလိုင္ ၃၀/၂၀၂၂
စစ္ေကာင္စီ၏ ရကၡိဳင္ျပည္ လူဖမ္းပြဲႀကီးအတြင္း ရကၡိဳင္ၿမိဳ႕နယ္မ်ားမွ အျပစ္မဲ့ျပည္သူ အေျမာက္အျမားကို ဖမ္းဆီးကာ တခ်ိဳ႕ကို ျပန္လႊတ္ပီးခၿပီး၊ တခ်ိဳ႕ကိုအမႈဆင္၍ ႐ုံးတင္တရားစြဲလ်က္ဟိရာ ေျမာက္ဦး၌ အဖမ္းခံရသူမ်ားအနက္က ၈ ေယာက္ကို ေျမာက္ဦးခ႐ိုင္တရား႐ုံးတြင္ ျမန္မာျပည္ဆူပူေအာင္လႈံ႕ေဆာ္မႈ ပုဒ္မ- ၅၀၅(က)နန႔္ တရားစြဲထားေၾကာင္း သိရသည္။
ယင္းသို႔ ေျမာက္ဦးမွ ပုဒ္မ- ၅၀၅(က)နန႔္ ဖမ္းဆီးတရားစြဲခံထားရသူ ၈ ေယာက္အထဲတြင္ ေျမာက္ဦးၿမိဳ႕နယ္၊ ကုန္ေဘာင္႐ြာမွ အသက္ ၁၃ ႏွစ္အ႐ြယ္ ေမာင္ခ်စ္စုဘုေလ့ တေယာက္အပါအဝင္ ျဖစ္သည္။
ေျမာက္ဦးခ႐ိုင္တရား႐ုံး၌ တရားစြဲခံထားရသူမ်ားမွာ ေျမာက္ဦးၿမိဳ႕ေက်ာက္ရာဇ္ေကရပ္ကြက္မွ ကိုေက်ာ္ဝင္းလႈိင္(၂၂ ႏွစ္)၊ ဝသဲ ရပ္ကြက္မွ ဦးကိုကိုျမင့္(၂၃ ႏွစ္)၊ ေျမာက္ဦးၿမိဳ႕နယ္ တိမ္ညိဳ႐ြာမွ ကိုျပည္စုံဝင္း(၃၆ ႏွစ္)၊ ကုန္ေဘာင္႐ြာမွ ေမာင္ခ်စ္စုဘု(၁၃ ႏွစ္)၊ မင္းျပားၿမိဳ႕နယ္ ေအာင္ဒိုင္(မူဆလင္)႐ြာမွ ကိုအာဘုလ္ကာသိမ္း(၂၅ ႏွစ္)၊ ပလက္ဝၿမိဳ႕မွ ေမာင္ေဖြးအိုင္(၂၈ ႏွစ္)၊ မတူပီၿမိဳ႕မွ ေမာင္ရန္လ်န္း(၄၁)ႏွစ္နန႔္ သွ်မ္းျပည္ပင္ေလာင္းၿမိဳ႕နယ္မွကိုေမာင္ၿဖိဳးေဝ(၂၅ႏွစ္)႐ို႕ျဖစ္သည္။
ကုန္ခသည့္ ဂ်ဳန္ ၂၂ ရက္နိက စစ္ေကာင္စီတပ္သည္ ၎႐ို႕အားလုံးကို ေျမာက္ဦးၿမိဳ႕နယ္မွ ဖမ္းဆီးခၿပီး၊ ေျမာက္ဦးအၿခီစိုက္ စစ္ေကာင္စီတပ္ ခမရ (၅၄၀) တပ္ရင္းမွ အရာဟိတေယာက္က တရားလိုလုပ္ကာ ပုဒ္မ ၅၀၅(က) နန႔္ ေျမာက္ဦးခ႐ိုင္ တရား႐ုံး၌ အမႈဖြင့္တရားစြဲဆိုထားျခင္းျဖစ္သည္။
လာမည့္ ဩဂတ္စ္ ၂ နိတြင္ ႐ုံးခ်ိန္းထားေၾကာင္း မိသားစုဝင္မ်ားက ဆိုသည္။
စစ္ေၾကာရီးအတြင္း စစ္ေကာင္စီတပ္သားမ်ား၏ လူမဆန္စြာ ႐ိုက္ႏွက္ႏွိပ္စက္မႈမ်ားေၾကာင့္ ကိုေက်ာ္ဝင္းလႈိင္မွာ ဒဏ္ရာ ျပင္းထန္၍ ရန္ကုန္၌ ဆီးကုသခံနီရေၾကာင္း မိသားစုဝင္တေယာက္က APM သို႔ ေျပာသည္။
ေျမာက္ဦးလူဖမ္းပြဲနန႔္ပတ္သက္၍စစ္ေကာင္စီတပ္သည္ ေျမာက္ဦး၌ အျပစ္မဲ့အရပ္သားျပည္သူ ၉ ေယာက္ကို ဂ်ဳန္ ၂၂ ရက္နိ တြင္ ဖမ္းဆီးခေၾကာင္း၊ ယင္းအနက္က ေျမာက္ဦးၿမိဳ႕နယ္၊ ေပါင္းတုတ္႐ြာမွ အသက္ ၃၀ အ႐ြယ္ ေရာဘတ္ဟူေဆာန္ တေယာက္ တည္းကိုရာ ျပန္လႊတ္ပီးခၿပီး၊ က်န္ ၈ ေယာက္ကို ဆက္ဖမ္းထားေၾကာင္း ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ ရကၡိဳင့္တပ္ေတာ္ (ULA/AA) က ဂ်ဳန္ ၂၇ ရက္နိမွာ သတင္းထုတ္ျပန္ခသည္။