APM၊ ဂျူလိုင် ၃၀/၂၀၂၂
ရက္ခိုင့်တပ်တော် AA ဆက်စပ်သည်ဟုဆိုကာ မတရားဖမ်းဆီး တရားစွဲခံထားရပြီး ၂ နှစ်ကျော်ြကာ တရားရင်ဆိုင်နီရသော ရသေ့တောင်ဒေသခံ ၂ ယောက်ကို ဂျူလိုင် ၂၉ ရက်နိမှာ စစ်တွေခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရီးဥပဒေ ပုဒ်မ ၅၀(ည) နန့် ထောင်ဒဏ်သုံးနှစ်စီ အသီးသီးချမှတ်လိုက်သည်။
ထောင်ဒဏ်ချမှတ်ခံရသူ ၂ ယောက်မှာ ရသေ့တောင်မြို့နယ်မှ ဦးမောင်ပု(၃၈ နှစ်)နန့် ဦးသာဇံ(၄၀ နှစ်)ရို့ဖြစ်ပြီး သူရို့သည် ၂ဝ၂ဝ ပြည့်နှစ်၊ သြဂတ်စ် ၁၂ ရက်နိက စစ်တွေမြို့နယ်၊ ကျောက်တန်း ပူးပေါင်းစစ်ဆီးရီးဂိတ်၌ ဖမ်းဆီးခံခရခြင်းဖြစ်သည်။
ယင်းနောက် ဦးမောင်ပုနန့် ဦးသာဇံရိုနှ့စ်ယောက်ကို စစ်ကောင်စီတပ်မှ ဗိုလ်ကြီး အောင်မြင့်မြတ်ဆိုသူက တရားလိုလုပ်ကာ စစ်တွေခရိုင်တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရီးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)ရို့နန့် တရားစွဲဆိုထားခပြီး စစ်တွေထောင်၌ ၂ နှစ်ကျော်ကြာ ထိန်းသိမ်းလျက် ဂျူလိုင် ၂၉ ရက်နိကမှ ပုဒ်မ ၅၀(ည)နန့် အပြီးသတ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
သူရို့နှစ်ယောက် ဖမ်းဆီးခံရစဉ်က ဦးသာဇံ၏ လက်တွင် မူးယစ်ဆီးဝါးတွိရသည့်ဟုဆိုကာ မူးယစ်ဆီးဝါးဥပဒေပုဒ်မ ၁၉ (က)ဖြင့် ကနဦး ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံထားရပြီး ဒေဂု ထောင်ဒဏ် ၃ နှစ်နန့်ဆိုလျင် ဦးသာဇံသည် ထောင်ဒဏ် ၁၅ နှစ်ကျခံရမည် ဖြစ်သည်။
ဒေရက်ပိုင်းရက္ခိုင်ပြည်မြို့နယ်အသီးသီး၌ AA နန့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးထားသူများကို အကြမ်းဖက်မှုနန့် ဆက်တိုက် ထောင်ချ လျက်ဟိသည်။
ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်လိုက်သည့်အတွက် အယင်က AA နန့်ဆက်စပ်သည်ဆိုကာ အကြမ်း ဖက်မှုဥပဒေပုဒ်မများနန့် တရားစွဲခံထားသူများကို ပြန်လွှတ်ပီးဖို့ ရက္ခိုင်ပြည်သူရို့ မျှော်လင့်ခကေလေ့ စစ်ကောင်စီတပ်က ပြန် လွှတ်မပီးဘဲ အကြမ်းဖက်မှုပုဒ်မများနန့်ရာ တသိတမင်စီရင် ချက်ချနီခြင်းဖြစ်သည်။
(Zawgyi)
ရသေ့တောင်က ဒေသခံ ၂ ယောက်ကို အကြမ်းဖက်မှုနန့် ထောင် ၃ နှစ်စီချမှတ်
APM၊ ဂျူလိုင် ၃၀/၂၀၂၂
ရက္ခိုင့်တပ်တော် AA ဆက်စပ်သည်ဟုဆိုကာ မတရားဖမ်းဆီး တရားစွဲခံထားရပြီး ၂ နှစ်ကျော်ကြာ တရားရင်ဆိုင်နီရသော ရသေ့တောင်ဒေသခံ ၂ ယောက်ကို ဂျူလိုင် ၂၉ ရက်နိမှာ စစ်တွေခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရီးဥပဒေ ပုဒ်မ ၅၀(ည) နန့် ထောင်ဒဏ်သုံးနှစ်စီ အသီးသီးချမှတ်လိုက်သည်။
