APM၊ ဂျူလိုင် ၃၀/၂၀၂၂
ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များဟု စွပ်စွဲလျက် မတရားဖမ်းဆီးတရားစွဲခံထားရသည့် တောင်ကုတ်ဒေသခံ ၆ ယောက်အမှုမှာ ဂျူလိုင် ၂၉ ရက်နိရုံးချိန်းတွင်လေ့ လုံးဝမစစ်ဘဲ ဩဂတ်စ် ၁၂ ရက်နိသို့ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
သံတွဲထောင်၌ ၂ နှစ်ကျော် ကြာလာသည်အထိ ဥပဒေနန့်မညီ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် တောင်ကုတ်မြို့နယ်က ၆ ယောက်မှာဆားပြင်ရွာမှ ကိုသန်းနိုင်၊ ချက်ပေါက်ရွာမှကိုကျော်တင်အောင်၊ ကိုနေရဲဝင်း၊ ကိုထွေးမောင်၊မအီမြို့မှ ကိုသန်းဇော်ဌေး နန့် ကိုသန်းဇော်ဇော်ရို့ ဖြစ်ကတ်သည်။
ကုန်ခသည့် ဂျူလိုင် ၁၅ ရက်နိရုံးချိန်း၌ သံတွဲခရိုင်တရားသူကြီးက“လိုပြသက်သီများကို ဂျူလိုင် ၂၉ ရက်နိရုံးချိန်းတွင် (မဖြစ်မနီ) သီချာပေါက်စစ်မည်”ဟု ပြောခပြီး အဂုဂျူလိုင် ၂၉ ရက်နိရုံးချိန်းရောက်သည့်အခါလေ့ လိုပြသက်သီများမှ တရားရုံးနန့် တရား သူကြီးကို ဖုတ်လေသည့်ငပိ ဟိသည်ဟုပင်မထင်ဘဲ(တမင်တကာ)မလာဘဲနီသဖြင့် အမှုမစစ်ဖြစ်ပြန်ဟု မိသားစုဝင်များက ဆိုသည်။
လုပ်ကြံအမှုတည်ဆောက်၍ မတရားဖမ်းဆီးစွဲဆိုထားသည့် တောင်ကုတ်ဒေသခံ ၆ ယောက်အမှု၏ လိုပြသက်သီများမှာ “စစ်ကောင်စီတပ် ဗိုလ်ကြီးတယောက်နန့်အမှုစစ်အရာဟိ”ရို့ဖြစ်ပြီး ၎င်းရို့သည်တရားရုံးကို မထီမဲ့မြင်ပြုလျက် အကြိမ်ကြိမ် ရုံးချိန်းလာရောက်ခြင်းမဟိသောကြောင့် ၂ နှစ်ကျော်ကြာသည်အထိ အမှုမစစ်ရဘဲ ဖြစ်နီသည်။
“ဒေတကြိမ်မှာလေ့ ထုံးစံအတိုင်း လိုပြသက်သီတိမရောက်လို့ မစစ်ဖြစ်ဘဲ ရုံးချိန်းကို ဩဂတ်စ် ၁၂ ရက်နိသို့ ထပ်ရွှိလိုက်ပြန်ရေ။ တသိတမင်အချိန်မကြာကြာအောင် ထပ်လီသချီးရုံးချိန်ပနာအချိန်ဆွဲနှိပ်စက်နီစွာပါ။ အယင်ခေါက်ရုံးချိန်းခါကလေ့ လိုပြသက်သီ တိမရောက်လို့ မစစ်နိုင်ခပါ။ နောက်ထပ် ဇာလောက်အချိန်ဆွဲပနာ ညှင်းဆဲအုံ့မေ မသိ။ တရားရုံးကား မဟုတ်လိုက်ပါယာ”ဟု မိသားစုဝင်တယောက်က APM သို့ ရင်ဖွင့်သည်။
အဆိုပါ တောင်ကုတ်ဒေသခံ ၆ ယောက် အမှုကို ၂ နှစ်ကျော်ကာလအတွင်း လိုပြသက်သီများအား ရုံးထုတ်စစ်ဆီး ရန် အကြိမ်ကြိမ်ရုံးချိန်းခကေလေ့ အကြောင်းအမျိုးမျိုးပြ ညစ်ပတ်စွာ တရားရုံးသို့ တသိတမင် မလာဘဲနီခသဖြင့် အမှုမစစ်ဖြစ်သည့် အတွက် မိသားစုဝင်များအနီနန့် အကုန်အကျစရိတ်ကြီးမားပြီး အခက်အခဲ များစွာနန့် ရင်ဆိုင်နီ ရ၍ “အပြစ်ဟိကေချ၊ အပြစ်မဟိ ကေလွှတ်” စီချင်ကြောင်းမိသား စုဝင်များက ဆိုကတ်သည်။
ယင်းတောင်ကုတ်ဒေသခံ ၆ ယောက်ကို ၂၀၂၀ပြည့်နှစ် ဂျုန်လကပင် AA နန့်ဆက်စပ်သည်ဟုဆိုကာ မတရားဖမ်းဆီးခပြီး နောက် “အကြမ်းဖက်မှုတိုက်ဖျက်ရီးဥပဒေ” ပုဒ်မ ၅၀(ဈ)၊ ၅၀(ည)ရို့နန့် အနောက်တောင်တိုင်း စစ်ဌာနချုပ် ခလရ(၂၇)မှ အရာဟိ တယောက် နန့် ခလရ(၅၁)မှ အရာဟိတယောက်က မတရားသဖြင့် လုပ်ကြံတရားစွဲဆိုထား ခခြင်းဖြစ်သည်။
(Zawgyi)
တောင်ကုတ်က ၆ ယောက်အမှု ရုံးချိန်း ထပ်ရွှိပြန်
APM၊ ဂျူလိုင် ၃၀/၂၀၂၂