APM၊ ဂျုန် ၂၉/ ၂၀၂၃
ဂျုန်၂၉ ရက်နိကျရောက်သော အစ္စလာမ်ဘာသာရီးပွဲတော်”ကုရ်ဘာနီနိ”အခမ်းအနားကိုရက္ခိုင်ပြည်မြို့နယ်အသီးသီးတွင် ကျင်းပပြုလုပ်ခပြီး ယင်းပွဲတော်များသို့ ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် ULA မှ တာဝန် ဟိသူများတက်ရောက်ကာ လှူဒါန်းမှု များပြုလုပ်ခကတ်ကြောင်း သိရသည်။
ULA တာဝန်ဟိသူများတက်ရောက်ခသည့် ကုရ်ဘာရီပွဲများတွင် အာရက္ခနိုင်ငံတော်တေးခြင်းများဖြင့်ဖွင့်လှစ်ပြီး ULA က ဆန်နန့် ငွေကြေးများပံ့ပိုးလှူဒါန်းပီးကြောင်း ဘူးသီးတောင်မြို့နယ်က ULA/AA တာဝန်ခံက ပြောပါသည်။
ယင်းသို့ တက်ရောက်လှူဒါန်းခြင်းနန့်ပတ်သက်၍ “ULA/AA အနီနန့် လူမျိုးဘာသာခွဲခြားဆက် ဆံစွာမဟိဘဲ တသွီး တသား တည်း၊ မိသားစုဆန်ဆန်သဘော ထားပြီးကေ အစ္စလာမ်ဘာသာဝင်ရို့၏ရက်ကြီးရက်မြတ်ဖြစ်တေ ကုရ်ဘာနီနိကို အဂုပိုင် တက်ရောက်လှူဒါန်းစွာပါ”ဟု အဆိုပါ ULA တာဝန်ခံက ဆိုသည်။
ULA အနီနန့် အဂုပိုင် အစ္စလာမ်ဘာသာဝင်များ၏ရက်ကြီးရက်မြတ်ဖြစ်သော ကုရ်ဘာနီနိကို အသိအမှတ်ပြု တက်ရောက် ဂုဏ်ပြုပီးသည့်အပေါ် ဝမ်းမြောက်ဂုဏ်ယူပြီး လှိက်လှိက်လှဲလှဲ ကျေးဇူး အထူးတင် ဟိပါကြောင်း မူဆလင်ဂေါင်းဆောင် များက တုံပြန်ပြောကြားသည်။
ကုရ်ဘာနီနိ အထိမ်းအမှတ် အခမ်းအနားကို သံတွဲ၊ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့ တောင်၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်နန့် မောင်တော မြိုနယ်ရပ်ရွာများတွင် တပိုင်တနိုင်ကျင်း ပခကတ်ပြီး ပွဲ အများစုသို့ ULA/AA က တက်ရောက်ဂုဏ်ပြုခကြောင်း သိဟိရသည်။