
APM ၊ ဂျုန် ၃၀ / ၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ်တွင် ဂျုန် ၂၉ ရက်နိက အဟုန်ပြင်းပြင်းနန့်မောင်းနှင်လာသည့် မြန်မာစစ်တပ်စစ်ယာဉ်တန်းမှ ကားတစီး သည် လမ်းဘေး ၌ တန့်ထားသည့် သုံးဘီးတစီးကို ဝင်တိုက်မှုကြောင့် သုံးဘီးမှာပါလာသည့် ဆရာတော်ကြီးတပါးနန့် သုံး ဘီးမောင်းသူရို့ ဒဏ်ရာပြင်းပြင်း ထန်ထန်ရလားကြောင်း သိရသည်။
ဒဏ်ရာရလားသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးရွာကျောင်းထိုင် ဆရာတော်ကြီး အသျှင် ဝရသာမိ(သက်တော် ၆၄ နှစ်) နန့် စစ်တွေမြို့၊ ကုန်းတန်းရပ်ကွက်မှ ဦးထွန်းအောင် (၄၀နှစ်) ရို့ဖြစ်သည်။
တန်းခိုးဆရာတော်ကြီးသည် ဂျုန် ၂၉ ရက်နိမိုးထ ၁၁ နာရီလောက်က ဦးထွန်းအောင်၏ သုံးဘီးဖြင့် ပုဏ္ဏားကျွန်းမှ တန်းခိုး သို့ အပြန် တောင်ပေါက်ရွာအနား၌ စစ်သားများအပြည့်တင်ဆောင်လာသည့် ကား (၁၉) စီးပါ မြန်မာစစ်တပ်ယာဉ်တန်း လာ၍ လမ်းဘေးသို့ ချကာ တန့်ထားစဉ် အဆိုပါ မြန်မာစစ်တပ်ယာဉ်တန်းမှ ကားတစီးက ဝင်တိုက်ခသည်။
ယင်းသို့ ဝင်တိုက်မှုကြောင့် ဆရာတော်ကြီးမှာ ဦးဂေါင်း၊ လက်၊ ခြီထောက်ရို့၌ ပွန်းပဲ့ဒဏ်ရာရလားသည့်အပြင် ဘယ်ဖက် တင်ပဆုံရိုး ကျိုးအက်လားခပြီး သုံးဘီးမောင်းသူ ဦးထွန်းအောင်မှာလေ့ ပြင်းထန် ဒဏ်ရာ ရဟိခသည်။
ဆရာတော်ကြီးမှာ ဒဏ်ရာ ပြင်းထန်မှုကြောင့် ချက်ချင်းပင် စစ်တွေသို့ လားရောက်ကာ ဓာတ်မှန်ရိုက်ခရပြီး တင်ပဆုံရိုး အား အစားထိုး ခွဲစိတ်ကုသရမည်ဟုသိရကာ ဦးထွန်းအောင်မှာလေ့ ညာလက်သန်းမှဒဏ်ရာကို လေးချက် ခြုပ်ခရသည့် အပြင် သုံးဘီးမှာလေ့ ပျက်စီးခရကြောင်းသိရသည်။
ဝင်တိုက်လားသည့် မြန်မာစစ်တပ်ယာဉ်တန်မှာတော့ ဝင်တိုက်ပြီးနောက် ရပ်တန့်ခခြင်းမဟိဘဲ တရစပ် မောင်းနှင်လားခ ကြောင်း သိဟိရသည်။

