APM၊ ဂျုန် ၃၀/၂၀၂၂
ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သံသယဖြင့် မတရားဖမ်းဆီး တရားစွဲခံထားရပြီး အပြီးသတ်အမိန့်ချရန် ကျန်နီသော ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ရွာသား ၅ ယောက်အမှုကို ဂျုန် ၂၉ ရက်နိ ရုံးထုတ်ခကေလေ့ စစ်တွေခရိုင်တရားသူကြီးက အမိန့်ချဖို့အဆင်အသင့်မဖြစ်သိမ့်ဟုဆိုကာ အမိန့်မချဘဲ ဂျူလိုင် ၆ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
ကျောက်ဆိပ်အမှုတွင် ပါဝင်နီသူများမှာ ကိုညီညီအောင် (၂၄) နှစ်၊ ကိုမျိုးလှိုင်ဦး (၂၄) နှစ်၊ ကိုမောင်ချေ (၂၄) နှစ်၊ ကိုမင်းစိုး (၃၈) နှစ်နန့် ကိုကျော်ဝင်းဟိန်း (၂၂) နှစ်ရို့ဖြစ်ပြီး အမှုကို ကုန်ခသည့် မေ ၁၉ ရက်နိကပင် အပြီးသတ် အမိန့်ချဖို့ ကျနီကေလေ့ အကြောင်းအမျိုးမျိုးပြလျက် စီရင်ချက်မချဘဲ ထပ်ခါတလဲလဲ ရုံးချိန်းရွှိနီခြင်းဖြစ်သည်။
ယင်း ကျောက်ဆိပ်ရွာသား ၅ ယောက်ကို ကုန်ခသည့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၉ ရက်နိကပင် မြန်မာစစ်တပ်က ဖမ်းယူလားခခြင်းဖြစ်သည်။
ယင်းနောက် သူရို့ ၅ ယောက်ကို စစ်ရီယာဥ်ထက်မှာ သတ်ပုတ်ရိုက်နှက်ပြီး လူမဆန်စွာနှိပ်စပ်ကာ AAနန့် ဆက်စပ်သည်ဟု မတရားစွပ်စွဲလျက် ပုဏ္ဏားကျွန်းအခြီစိုက် ခမရ (၅၅၀)တပ်ရင်းမှ ဗိုလ်ကြီး တင့်နိုင်ထွန်း တရားလိုလုပ်၍ အကြမ်းဖက်တိုက်ဖျက်ရီးဥပဒေ ပုဒ်မ-၅၀(ည)၊ ၅၂(က)ရို့နန့် တရားစွဲဆိုထားခခြင်းဖြစ်သည်။
လက်ဟိမှာ ယင်း ၅ ယောက်ကို စစ်တွေအကျဉ်းထောင်၌ထိန်းသိမ်းထားပြီး အကြမ်းဖက်မှုပုဒ်မများနန့် တရားရင်ဆိုင်နီရသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာသည့်အတွက် မိသားစုဝင်များက အပြီးသတ်အမိန့်ချပီးရန် တောင်းဆိုနီကတ်ကြောင်း သိဟိရပါသည်။
(Zawgyi)
ကျောက်ဆိပ်ရွာသား ၅ ယောက်အမှု ရုံးချိန်း ထပ်ရွှိ
APM၊ ဂျုန် ၃၀/၂၀၂၂