APM၊ ဂျုန် ၃၀/၂၀၂၂
ဘူးသီးတောင်မြို့နယ်၌စပါးကောက်လှိုင်းပုံများအား မီးတိုက်ခသည့်ဖြစ်စဉ်အတွင်း ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)မှ ဝန်ထမ်းအချို့ ပါဝင်ပတ်သက်နီကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ဒေနိ ဂျုန် ၃၀ ရက်နိမှာ ထုတ်ပြန်ကြေညာလိုက်ပါသည်။
ကုန်ခသည့် ၂၀၂၁ ခုနှစ်၊ဒီဇမ်ဘာ ၂၁ ရက်နိ ညည့်(၇) နာရီ(၄၅) မိနစ်အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင် ချောင်းအုပ်စု၊ ကန္ဒရွာ(မူဆလင်ရွာ)မှ “မော်ဂျူဘီ” နန့် “မာမောက်”ရို့ပိုင်ဆိုင်သည့် စပါးကောက်လှိုင်းပုံများကို ရည်ရွယ်ချက်ဟိဟိဖြင့် မီးတိုက်ခသော အမှုဖြစ်စဉ်အား “ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့”က စုံစမ်းစစ်ဆီးရာမှ အဂုပိုင် ပေါ်ပေါက်လာရခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်နန့် ပတ်သက်၍ အဆင့်ဆင့် စီခိုင်းသူများစာရင်းကိုထုတ်ပြန်ရာတွင် “စပါးကောက်လှိုင်းပုံများအား မီးတိုက်မှု၌ UNHCR ဝန်ထမ်း ၃ ယောက်နန့် ICRC ဝန်ထမ်း ၁ ယောက် ပါဝင်ပတ်သက်နီပြီး၊ ယင်းရို့မှာ ဖာတေမာဟာတူ(၄၀နှစ်)၊ ချာကေ (၃၅နှစ်)၊ အီဗြာဟိမ်း(၄၀နှစ်) နန့် ဆွေယော့အာမီ (၅၅နှစ်) ဖြစ်သည်”ဟု ULA က ဖော်ပြသည်။
ယင်း ၄ ယောက်မှ ဖိုးခေါင်ချောင်းအုပ်စု၊ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး မောက်ဘူလ်ဟူဆောင်း(၅၅ နှစ်) ကို စပါးကောက်လှိုင်းစည်းပုံများအား မီးတိုက်ရန်အတွက် ငွေကျပ်သိန်း(၅၀) ပီး၍ ခိုင်းစီခပြီး၊ ကျောင်းအုပ်ဆရာကြီးမှ တဆင့် မာမောက်အီဒီရိဒ်(၄၂နှစ်)အား ငွေကျပ်(၁၀)သိန်းပီးကာတပ်မံ ခိုင်းစီခသည်ဟု ULA ၏ ထုတ်ပြန်ချက်က ဆိုသည်။
ယင်းနောက်မာမောက်အီဒီရီုဒ်သည် ဟူဆိမ့်အာမတ်(ခ)ဟူဆောင်း(၄၀နှစ်)အား ငွေကျပ် ၅သိန်းနန့် စပါးတင်း (၅၀) ပီး၍ ထပ်မံစီခိုင်းခသည်။
တဖန် ဟူဆိမ့်အာမတ်က “ဟာရူလ္လာမိန်(၃၀နှစ်)၊ အေကရန်မူလ္လာ(၃၀နှစ်)နန့် အာမီဟူဆောင်း (၃၅နှစ်)” ရို့ကို ငွေကျပ်(၅)သိန်းနန့် ထပ်မံစီခိုင်းခပြန်သည်။
နောက်ဆုံးမှာ ဟာရူလ္လာမိန် ပါ ၃ယောက်က “မာမောက်တူဆောင်း(၃၀နှစ်)နန့် အီလီယာစ်(၂၀နှစ်)”ရို့အား စပါး တောင်း(၂၀၀)ပီး၍ ထပ်ဆင့်စီခိုင်းခရာ၊ ယင်းနှစ်ယောက်က “မော်ဂျူဘီ” နန့် “မာမောက်”ရို့ပိုင်စပါး ကောက် လှိုင်း ၇၀၀ ကို ကာယကံမြောက် မီးတိုက်ကျူးလွန်ခကတ်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က သက်သီ ပြသည်။
ယင်းဖြစ်စဉ်၌ ပါဝင်ပတ်သက်သူများအား AA စစ်ဆီးနီသည့် ရုပ်သံဖိုင်များကို အပိုင်းများခွဲ၍ ထုတ်ပြန်ရာတွင် ဂျုန် ၂၉ ရက်နိ ထုတ်ပြန်သောထွက်ဆိုချက်(၅)မှာ“ယင်းကိစ္စကို UNHCR တွင် တာဝန်ထမ်းဆောင်နီသော ဖာတေမာဟာတူ ဆိုသည့်မူဆလင်အမျိုးသမီးမှ ငွေကျပ်သိန်း(၅၀)ပီး၍ ခိုင်းစီခြင်းဖြစ်သည်”ဟု ကျောင်းအုပ် ဆရာကြီး မောက်ဘူလ်ဟူဆောင်းက အတိအလင်း တရားဝင် ထွက်ဆိုထားသည်။
ထွက်ဆိုချက်(၅)ရုပ်သံဖိုင်သည် ၅ မိနစ်ခွဲခန့် ကြာမြင့်ပြီး ရက္ခိုင့်တပ်တော် AA ယူနီဖောင်း အပြည့်အစုံဝတ်ဆင် ထားသည့် မူဆလင်အမျိုးသားတယောက်က မူဆလင်ဘာသာစကားဖြင့် စစ်ဆီးမိန်းမြန်းထားကာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့် တပ်တော် (ULA/AA) ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာများ၌ ဖော်ပြထားသည်။
ယင်းဖြစ်စဉ်ဖြစ်ရပ်အမှန်ကို အယင့်အယင်ကပင် စုံစမ်းစစ်ဆီး သိဟိထားခကေလေ့ ယင်းအချိန်က ချက်ချင်း မထုတ်ပြန်ဘဲ သိုသိုသိပ်သိပ် ထိန်းသိမ်းထားခသည်မှာ ယင်းပိုင်လုပ်ရပ်များကို အကြောင်းပြ၍ ပုံကြီးချဲ့ကာ လူမျိုးရီး၊ ဘာသာရီးဆိုင်ရာ မတည်ငြိမ်မှုများသို့ ဦးတည်လားမည်ကို စိုးရိမ်ခြင်းနန့် ငယ်သောပြဿနာကို ကြီးမလားစီလိုခြင်းရို့ကြောင့် ထုတ်ဖော်ပြသခြင်းမပြုခကြောင်း ULA က ပြောသည်။
သို့သော် ဒေဂုအခါ အမှုနန့်ပတ်သက်၍ မိန်းမြန်းစုံစမ်းမှုများလာခြင်း၊ တခြားမရိုးသားသော ဆန္ဒဖြင့် AA အပေါ် စွပ်စွဲမှုများဟိလာခြင်း၊ ဤဖြစ်ရပ်ကို အကြောင်းပြု၍ မကောင်းသည့် အကြံအစည်နန့်အတူ လှုံ့ဆော်မှုများဟိ လာခြင်း၊ ဖြစ်စဉ်ပါ ကျူးလွန်သူများ၏ အပြစ်ကိုဖုံးကွယ်လို၍ အခြားသောသူများအပေါ် အပြစ်ပုံချကာ ဖြစ် ရပ်မှန်ကို ပျောက်ကွယ်လားအောင် ပြုလုပ်လာခြင်း စသည်ရို့ကြောင့် ထုတ်ပြန်ရခြင်းဟု ULA က ဆိုထားသည်။
ထို့ကြောင့် လူ့အခွင့်အရေးကို ဗန်းပြလျက် နိုင်ငံတကာအဖွဲ့အစည်းများကို အသုံးချကာ ရက္ခိုင်ဒေသအတွင်း အီးချမ်းတည်ငြိမ်မှုကို ပြိုကွဲပျက်စီးစီရန် ရည်ရွယ်ချက်ဟိဟိဖြင့် ပိုမိုကြိုးစားလုပ်ဆောင်လာနီသောကြောင့် အမှုဖြစ်စဉ်အမှန်ကို အခြေအနေ၏လိုအပ်ချက်အရ အဂုပိုင် မလွှဲမယှောင်သာ ထုတ်ပြလိုက်ရခြင်း ဖြစ်ကြောင်းလေ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားပါသည်။
(Zawgyi)
ဘူးသီးေတာင္တြင္ စပါးေကာက္လႈိင္းပုံမ်ား မီးတိုက္ခသည့္ျဖစ္စဥ္၌ UNHCR ဝန္ထမ္းအခ်ိဳ႕ ပါဝင္နီေၾကာင္း ULA ထုတ္ျပန္
APM၊ ဂ်ဳန္ ၃၀/၂၀၂၂
ဘူးသီးေတာင္ၿမိဳ႕နယ္၌စပါးေကာက္လႈိင္းပုံမ်ားအား မီးတိုက္ခသည့္ျဖစ္စဥ္အတြင္း ကုလသမဂၢဒုကၡသည္မ်ား ဆိုင္ရာမဟာမင္းႀကီး႐ုံး(UNHCR)မွ ဝန္ထမ္းအခ်ိဳ႕ ပါဝင္ပတ္သက္နီေၾကာင္း ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ ULA က ေဒနိ ဂ်ဳန္ ၃၀ ရက္နိမွာ ထုတ္ျပန္ေၾကညာလိုက္ပါသည္။
ကုန္ခသည့္ ၂၀၂၁ ခုႏွစ္၊ဒီဇမ္ဘာ ၂၁ ရက္နိ ညည့္(၇) နာရီ(၄၅) မိနစ္အခ်ိန္တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဖိုးေခါင္ ေခ်ာင္းအုပ္စု၊ ကႏၵ႐ြာ(မူဆလင္႐ြာ)မွ “ေမာ္ဂ်ဴဘီ” နန႔္ “မာေမာက္”႐ို႕ပိုင္ဆိုင္သည့္ စပါးေကာက္လႈိင္းပုံမ်ားကို ရည္႐ြယ္ခ်က္ဟိဟိျဖင့္ မီးတိုက္ခေသာ အမႈျဖစ္စဥ္အား “ရကၡိဳင္ျပည္သူ႔အာဏာပိုင္အဖြဲ႕”က စုံစမ္းစစ္ဆီးရာမွ အဂုပိုင္ ေပၚေပါက္လာရျခင္းျဖစ္သည္။
ယင္းျဖစ္စဥ္နန႔္ ပတ္သက္၍ အဆင့္ဆင့္ စီခိုင္းသူမ်ားစာရင္းကိုထုတ္ျပန္ရာတြင္ “စပါးေကာက္လႈိင္းပုံမ်ားအား မီးတိုက္မႈ၌ UNHCR ဝန္ထမ္း ၃ ေယာက္နန႔္ ICRC ဝန္ထမ္း ၁ ေယာက္ ပါဝင္ပတ္သက္နီၿပီး၊ ယင္း႐ို႕မွာ ဖာေတမာဟာတူ(၄၀ႏွစ္)၊ ခ်ာေက (၃၅ႏွစ္)၊ အီျဗာဟိမ္း(၄၀ႏွစ္) နန႔္ ေဆြေယာ့အာမီ (၅၅ႏွစ္) ျဖစ္သည္”ဟု ULA က ေဖာ္ျပသည္။
ယင္း ၄ ေယာက္မွ ဖိုးေခါင္ေခ်ာင္းအုပ္စု၊ မူလတန္းလြန္ေက်ာင္းမွ ေက်ာင္းအုပ္ဆရာႀကီး ေမာက္ဘူလ္ဟူေဆာင္း(၅၅ ႏွစ္) ကို စပါးေကာက္လႈိင္းစည္းပုံမ်ားအား မီးတိုက္ရန္အတြက္ ေငြက်ပ္သိန္း(၅၀) ပီး၍ ခိုင္းစီခၿပီး၊ ေက်ာင္းအုပ္ဆရာႀကီးမွ တဆင့္ မာေမာက္အီဒီရိဒ္(၄၂ႏွစ္)အား ေငြက်ပ္(၁၀)သိန္းပီးကာတပ္မံ ခိုင္းစီခသည္ဟု ULA ၏ ထုတ္ျပန္ခ်က္က ဆိုသည္။
ယင္းေနာက္မာေမာက္အီဒီ႐ီုဒ္သည္ ဟူဆိမ့္အာမတ္(ခ)ဟူေဆာင္း(၄၀ႏွစ္)အား ေငြက်ပ္ ၅သိန္းနန႔္ စပါးတင္း (၅၀) ပီး၍ ထပ္မံစီခိုင္းခသည္။
တဖန္ ဟူဆိမ့္အာမတ္က “ဟာ႐ူလႅာမိန္(၃၀ႏွစ္)၊ ေအကရန္မူလႅာ(၃၀ႏွစ္)နန႔္ အာမီဟူေဆာင္း (၃၅ႏွစ္)” ႐ို႕ကို ေငြက်ပ္(၅)သိန္းနန႔္ ထပ္မံစီခိုင္းချပန္သည္။
ေနာက္ဆုံးမွာ ဟာ႐ူလႅာမိန္ ပါ ၃ေယာက္က “မာေမာက္တူေဆာင္း(၃၀ႏွစ္)နန႔္ အီလီယာစ္(၂၀ႏွစ္)”႐ို႕အား စပါး ေတာင္း(၂၀၀)ပီး၍ ထပ္ဆင့္စီခိုင္းခရာ၊ ယင္းႏွစ္ေယာက္က “ေမာ္ဂ်ဴဘီ” နန႔္ “မာေမာက္”႐ို႕ပိုင္စပါး ေကာက္ လႈိင္း ၇၀၀ ကို ကာယကံေျမာက္ မီးတိုက္က်ဴးလြန္ခကတ္သည္ဟု ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ ULA က သက္သီ ျပသည္။
ယင္းျဖစ္စဥ္၌ ပါဝင္ပတ္သက္သူမ်ားအား AA စစ္ဆီးနီသည့္ ႐ုပ္သံဖိုင္မ်ားကို အပိုင္းမ်ားခြဲ၍ ထုတ္ျပန္ရာတြင္ ဂ်ဳန္ ၂၉ ရက္နိ ထုတ္ျပန္ေသာထြက္ဆိုခ်က္(၅)မွာ“ယင္းကိစၥကို UNHCR တြင္ တာဝန္ထမ္းေဆာင္နီေသာ ဖာေတမာဟာတူ ဆိုသည့္မူဆလင္အမ်ိဳးသမီးမွ ေငြက်ပ္သိန္း(၅၀)ပီး၍ ခိုင္းစီျခင္းျဖစ္သည္”ဟု ေက်ာင္းအုပ္ ဆရာႀကီး ေမာက္ဘူလ္ဟူေဆာင္းက အတိအလင္း တရားဝင္ ထြက္ဆိုထားသည္။
ထြက္ဆိုခ်က္(၅)႐ုပ္သံဖိုင္သည္ ၅ မိနစ္ခြဲခန္႔ ၾကာျမင့္ၿပီး ရကၡိဳင့္တပ္ေတာ္ AA ယူနီေဖာင္း အျပည့္အစုံဝတ္ဆင္ ထားသည့္ မူဆလင္အမ်ိဳးသားတေယာက္က မူဆလင္ဘာသာစကားျဖင့္ စစ္ဆီးမိန္းျမန္းထားကာ ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ရကၡိဳင့္ တပ္ေတာ္ (ULA/AA) ၏ တရားဝင္ လူမႈကြန္ရက္ စာမ်က္ႏွာမ်ား၌ ေဖာ္ျပထားသည္။
ယင္းျဖစ္စဥ္ျဖစ္ရပ္အမွန္ကို အယင့္အယင္ကပင္ စုံစမ္းစစ္ဆီး သိဟိထားခေကေလ့ ယင္းအခ်ိန္က ခ်က္ခ်င္း မထုတ္ျပန္ဘဲ သိုသိုသိပ္သိပ္ ထိန္းသိမ္းထားခသည္မွာ ယင္းပိုင္လုပ္ရပ္မ်ားကို အေၾကာင္းျပ၍ ပုံႀကီးခ်ဲ႕ကာ လူမ်ိဳးရီး၊ ဘာသာရီးဆိုင္ရာ မတည္ၿငိမ္မႈမ်ားသို႔ ဦးတည္လားမည္ကို စိုးရိမ္ျခင္းနန႔္ ငယ္ေသာျပႆနာကို ႀကီးမလားစီလိုျခင္း႐ို႕ေၾကာင့္ ထုတ္ေဖာ္ျပသျခင္းမျပဳခေၾကာင္း ULA က ေျပာသည္။
သို႔ေသာ္ ေဒဂုအခါ အမႈနန႔္ပတ္သက္၍ မိန္းျမန္းစုံစမ္းမႈမ်ားလာျခင္း၊ တျခားမ႐ိုးသားေသာ ဆႏၵျဖင့္ AA အေပၚ စြပ္စြဲမႈမ်ားဟိလာျခင္း၊ ဤျဖစ္ရပ္ကို အေၾကာင္းျပဳ၍ မေကာင္းသည့္ အႀကံအစည္နန႔္အတူ လႈံ႕ေဆာ္မႈမ်ားဟိ လာျခင္း၊ ျဖစ္စဥ္ပါ က်ဴးလြန္သူမ်ား၏ အျပစ္ကိုဖုံးကြယ္လို၍ အျခားေသာသူမ်ားအေပၚ အျပစ္ပုံခ်ကာ ျဖစ္ ရပ္မွန္ကို ေပ်ာက္ကြယ္လားေအာင္ ျပဳလုပ္လာျခင္း စသည္႐ို႕ေၾကာင့္ ထုတ္ျပန္ရျခင္းဟု ULA က ဆိုထားသည္။
ထို႔ေၾကာင့္ လူ႔အခြင့္အေရးကို ဗန္းျပလ်က္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားကို အသုံးခ်ကာ ရကၡိဳင္ေဒသအတြင္း အီးခ်မ္းတည္ၿငိမ္မႈကို ၿပိဳကြဲပ်က္စီးစီရန္ ရည္႐ြယ္ခ်က္ဟိဟိျဖင့္ ပိုမိုႀကိဳးစားလုပ္ေဆာင္လာနီေသာေၾကာင့္ အမႈျဖစ္စဥ္အမွန္ကို အေျခအေန၏လိုအပ္ခ်က္အရ အဂုပိုင္ မလႊဲမေယွာင္သာ ထုတ္ျပလိုက္ရျခင္း ျဖစ္ေၾကာင္းေလ့ ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ ULA ၏ ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားပါသည္။

