APM ၊ မေ ၃၀ / ၂၀၂၄
မေ ၂၉ ရက်နိညည့်ကပင် လက်ဟိအချိန်ထိ စစ်တွေမြို့၊ ဆက်ရိုးကျရပ်ကွက်(ဗျိုင်းဖြူရွာ)က အပြစ်မဲ့ အရပ်သားပြည်သူ ၄၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တိ ဖမ်းဆီးထားရေလို့ သိရပါရေ။
မေ ၂၉ ရက်နိညည့်အချိန်မာ စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၀၀ လောက်စွာ ဗျိုင်းဖြူရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးကေ ရွာထဲမာဟိရေ အချေတိနန့် အမျိုးသမီးတိ အပါအဝင် ရွာသူ/ရွာသား ၄၀ ကျော်ကို ရွာသင်္ချိုင်းပြင်သို့ ဖမ်းယူလားစွာလို့ ဆိုပါရေ။
ယင်းနောက်ယင်းလူတိထဲက အမျိုးသားတချို့ကို စစ်တွေအခြီစိုက် စစ်ကောင်စီတပ် ခလရ(၂၀) တပ်ရင်းသို့ ခေါ်ယူလားရေပိုင်၊ မသင်္ခါဆိုပနာ အမျိုးသား ၄ ယောက်ထက်မနည်းကိုလည်း ပစ်သတ်ပစ်ခရေလို့ သိရပါရေ။
သင်္ချိုင်းပြင်မာကျန်ခရေ အမျိုးသမီးတိနန့် အချေတိကို လက်ဟိအချိန်ထိ ပြန်လွတ်မပီး၊ ထမင်းလည်းမစားရသိမ့်ဘဲ နီပူခံပနာ ဒူးထောက်ထိုင်ခိုင်းထားရေလို့လည်း သိဟိရပါရေ။
တဆက်တည်းမာ ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ဗျိုင်းဖြူရွာကို ဝင်မစီးခင်က စစ်တွေမြို့နယ်၊ ရွှီမင်းဂံရွာကို စီးနင်း ဝင်ရောက်ခပြီးကေ နီအိမ်တိကို ဘက်ဟိုးနန့် ဖြိုပနာ မီးတိုက်ပစ်ခကတ်တေလို့ သိဟိရပါရေ။