
APM၊ မေ ၃၀/၂၀၂၄
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်၏ နဝမအကြိမ်မြောက် သတင်းစာယှင်းလင်းပွဲကို လာဖို့ ၂၀၂၄ ခုနှစ်၊ ဂျုန် ၈ ရက်နိ၊ မိုးထ (၁၀) နာရီ အချိန်မာ ကျင်းပပြုလုပ်လားဖို့လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က ဒေနိ ထုတ်ပြန်ပါရေ။
သတင်းစာယှင်းလင်းပွဲကိုအယင်အကြိမ်တိခါပိုင် ရက္ခိုင်ဘာသာစကားနန့် လုပ်လားဖို့ဖြစ်ပြီးကေ၊ တက်ရောက် သတင်းရယူလိုရေ သတင်းထောက်တိအနီနန့် ဖော်ပြပါ လင့်ခ် (https://forms.gle/9FkNHENUvZ9R1sMp9 ) က တဆင့် အယင်အကြိမ်တိနည်းတူ စာရင်းသွင်းထားဖို့ လိုအပ်ပနာ၊ စာရင်းသွင်းထားရေ သတင်းထောက်တိကိုရာ တက်ရောက် သတင်းရယူခွင့်ပြုဖို့လို့ သိရပါရေ။
သတင်းထောက်တယောက်ကို မိန်းခွန်း (၂)ခုရာ လက်ခံလားဖို့ဖြစ်ပြီးကေ ထပ်ဆင့်မိန်းခွန်းတခုစီကိုလည်း ခွင့်ပြုပီးလားဖို့လို့ ဆိုပါရေ။
သတင်းထောက်တိအနီနန့် မိန်းချင်ရေ မိန်းခွန်းတိကို ဂျုန် ၃ ရက်၊ တလင်းလာနိ နောက်ဆုံးထားလို့ အီးမေးလ်လိပ်စာ
press.ula.aa@protonmail.comကဆင့် ပီးပို့မိန်းမြန်းထားနိုင်ကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
သတ်မှတ်ရက်ကျော်လားပြီးမှ ပီးပို့လာရေ မိန်းခွန်းတိကို သတင်းစာယှင်းလင်းပွဲမာ လက်ခံဖြေကြားဖို့မဟုတ်လို့လည်း သိရပါရေ။
