APM ၊ မေ ၃၀ / ၂၀၂၃
ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နီသည့် တိုင်ဖုန်းမုန်တိုင်း Mawar ကြောင့် ဒေနိ(မေ ၃၀ ရက်နိ)ညဇာအထိ ရက္ခိုင်နန့် တခြား ဒေသများတွင် မိုးကြီးလီပြင်း တိုက်ခတ်နိုင်ကြောင်း မိုးလီဝသနန့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ တိုင်ဖုန်းမုန်တိုင်း Mawar သည် မြောက်-အနောက် မြောက်ဖက်သို့ ဆက်လက်ရွိလျားနီပြီး မုန်တိုင်း အဟိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နန့် ဘင်္ဂလားပင်လယ်အော်တွင် မုန်သုံလီအားကောင်းကာ ရက္ခိုင်၊ ပဲခူး၊ ရန်ကုန်နန့် ဧရာဝတီရို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းနီ၍ မိုးကြီးလီပြင်းတိုက်ခတ် နိုင်သည်ဟု ဆိုသည်။
မိုးတိမ်တောင်များ ရွိလျားရာ လမ်းတလျောက်တွင် မိုးရွာသွန်းခြင်း လီပြင်းတိုက်ခတ်ခြင်းနန့်အတူ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက် ခြင်းနန့် မိုး သီးကြွေခြင်း စသည့် မိုးလီဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုကတ်ရန် သတိပီးထား သည်။
မိုးကြီးလီပြင်းတိုက်ခတ်စဉ် ရီပြင်မြီပြင်လီသည် တနာရီ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီးလှိုင်း အမြင့်သည်မြစ်ဝ ကျွန်းပေါ်၊မုတ္တမကွေ့၊မွန်-တန င်္သာရီကမ်းရိုးတန်းတလျှောက်နန့် ကမ်းလွန်ပင်လယ်ပြင်ရို့တွင် ၈ ပေမှ ၁၀ ပေ လောက်နန့် ရက္ခိုင် ကမ်းရိုးတန်းတလျောက်နန့် ကမ်းလွန်ပင်လယ်ပြင်ရို့တွင်ပင်လယ်ရီမျက်နှာပြင် ၅ ပေ မှ ၇ ပေ အထိ မြင့်တက်နိုင်သည် ဟု ဖော်ပြထားသည်။
ယင်းအပြင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်၊ မွန်ပြည်၊ ကရင်နီပြည်၊ သျှမ်းပြည်(အရှိပိုင်း)၊ ချင်းပြည်နန့် ကျန်ဒေသ များတွင်ပါ နီရာကျဲကျဲမှ နီရာအနှံ့အပြား မိုးရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိဟိရသည်။
Photo – မိုးလီဝသနန့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန