
APM ၊ မေ ၃၀ / ၂၀၂၃
ရသေ့တောင်မြို့နယ်တွင် ဒေနိ(မေ ၃၀ ရက်နိ) မိုးထက မုန်တိုင်းကြောင့်ပျက်စီလားသည့်နီအိမ်ကိုပြုပြင်ရန် တောင်သို့ သစ်ခွတ်လားစဉ် ဝက်ဝံကိုက်ခံရ၍ ဒေသခံတယောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရလားကြောင်း သိရ သည်။
ဒဏ်ရာရလားသူမှာ ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ ကျောက်စာတိုင်ရွာမှ ဦးမောင်နုချေ(၅၇ နှစ်) ဖြစ်သည်။
ဦးမောင်နုချေသည် ဒေနိမိုးထ ၉ နာရီလောက်က နောက်ထပ်ရွာသား တယောက်နန့်အတူရွာ နောက်ဖက်ဟိမယူ တောင်သို့သစ်ခွတ်လားစဉ် ဝက်ဝံ နန့်တွိကာ အကိုက်ခံလိုက်ရသည်။
ယင်းသို့ ဝက်ဝံကိုက်ခံရ၍ ဦးမောင်နုချေမှာ ဘယ်ဖက်မျက်လုံးနန့် ခန္ဓာကိုယ်အနှံ့တွင် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရလားပြီး ရသေ့တောင်ဆီးရုံသို့ ပို့ဆောင်ထားရကာ ယင်းမှတဆင့် ဒဏ်ရာပြင်းထန်၍ နက်ဖြန် (မေ ၃၁ ရက်နိ)၌ စစ်တွေဆီးရုံကြီးသို့ ပို့ဆောင်ရန် ဆရာဝန်ကညွှန်ကြားထားကြောင်း သိရသည်။
ရက္ခိုင်တွင် မေ၁၄ရက်နိက Mocha ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက် ခတ်ပြီးနောက် တောတောင်များဟိ တောရိုင်း တိရစ္ဆာန်များကျက်စားရာ နီရာများနန့် သဘာဝအလျောက်ပေါက်နီသည့် သီးပင်စားပင်များပြိုလဲ ပျက်စီးလား၍ တောရိုင်း တိရစ္ဆာန်များသည် လူနီကျေးရွာများအနားထိ အစာလာရှာကာ ဒေသခံများကို ရန်မူမှုများ ဟိနီသည်။
ကုန်ခသည့် မေ ၂၇ ရက်နိကလေ့ ယင်းမယူတောင်ခြီရင်းဟိ ကိုယ်ပိုင် ဥယာဉ်ခြံထဲ၌ တောင်ယာလုပ်ကိုင်နီစဉ် တောဆင် ရိုင်းနင်းခံရ၍ ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာသားတယောက် သီဆုံးလားခရသိမ့်သည်။
ယင်း မယူတောင်အနားပတ်ဝန်းကျင်းဟိ ကျေးရွာအများစုသည် မုန်တိုင်းကြောင့် လူနီအိမ်များပျက်စီးဆုံးယှုံးခရ ပြီး ရွာသားများ စားဝတ်နီရီးအခက်အခဲဖြစ်နီသည့်အပြင် တောရိုင်းတိရစ္ဆာန်များ၏ အန္တရာယ်ကိုပါ စိုးရိမ်နီကတ်ရ ကြောင်း သိရသည်။
Photo – လူမြတ်/နိရဉ္စရာ



