APM ၊ ဧပြီ ၃၀ / ၂၀၂၃
အယ်လ်မာရီယာကို ၄-၂ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် ဟက်ထရစ်ဂိုး သွင်းယူနိုင်ခသည့် တိုက်စစ်မှူး ဘန်ဇီမာသည် ရီးရဲမက်ဒရစ်အတွက် လာလီဂါသွင်းဂိုး ၂၃၆ ဂိုးဟိလာသဖြင့် စပိန်လာလီဂါ၌ စတုတ္ထမြောက် ဂိုးအများဆုံး ကဇတ် သမားအဖြစ် မှတ်တမ်းဝင်လားသည်။
ဘန်ဇီမာသည် စပိန်လိဂ်သမိုင်းတလျှောက် ဂိုးသွင်းအများဆုံးကဇတ်သမားများဖြစ်သည့် ဇာရာ (၂၅၁ ဂိုး)၊ ခရစ္စတီယာနို ရော်နယ်ဒို (၃၁၂ဂိုး)နန့် မက်ဆီ (၄၇၄ ဂိုး)ရို့နောက်တွင်၂၃၆ ဂိုးဖြင့် စတုတ္ထမြောက်ဂိုးသွင်းအများဆုံး ကဇတ်သမားအဖြစ် ဧပြီ ၂၉ ရက်နိပွဲအပြီးတွင် မှတ်တမ်းဝင်လားသည်။
ဘန်ဇီမာသည် ရီးရဲအသင်းအတွက် ၁၄ ရာသီအတွင်း ပြိုင်ပွဲစုံ ၆၄၂ ပွဲ၌ ဂိုးပေါင်း ၃၅၂ ဂိုးသွင်းယူထားပြီး ဒေဂုရာသီ ဧပြီ တလတည်းတွင် ဟက်ထရစ် (၃) ကြိမ်သွင်းယူထားကြောင်းသိရသည်။
ပွဲအပြီးတွင် ရီးရဲဥက္ကဋ္ဌ ဖလော်ရန်တီနိုပီရက်ဇ်ထံမှ ဂိုး ၃၅၀ ပြည့်မြောက်ခသည့်အထိမ်းအမှတ်အဖြစ် ၃၅၀ တံဆိပ်ပါ အင်္ကျီတထည်ကို ပြင်သစ်တိုက်စစ်မှူးဟောင်းအား ပီးအပ်ချီးမြှင့်ခသည်။
၂၀၂၂ Ballon d’Or ဆုသျှင် ဘန်ဇီမာ သွင်းယူခသည့်ဂိုးများတွင် လာလီဂါ၌ ၂၃၆ ဂိုး၊ ချန်ပီယံလိဂ်မှာ ၇၈ ဂိုး၊ ကိုပါဒယ်ရေး တွင် ၂၅ ဂိုး၊ စပိန်စူပါဖလား၌ ၇ ဂိုး၊ ကလပ်ကမ္ဘာ့ဖလားတွင် ၄ ဂိုးနန့် ဥရောပစူပါဖလားမှာ ၂ ဂိုး ပါဝင်သည်။
ပြီးခသည့်အပတ်က ဂီရိုနာကို ၄-၂ ဂိုးနန့် ယှုံးနိမ့်ခသည့် ရီးရဲသည် ဒေဂုတပတ် အယ်လ်မာရီယာကို အနိုင်ယူနို င်ခသည့် အတွက် လာလီဂါအမှတ်ပီးဇယားကိုဦးဆောင်နီသည့် ဘာစီလိုနာနန့် ၈ မှတ်အကွာ ဒုတိယနီရာတွင် ရပ် တည်နီသည်။
Source – Benzema is the fourth highest scorer in the Spanish league
Photo – Real Madrid