APM ၊ ဧပြီ ၃၀ / ၂၀၂၃
တူးလော့စ်အသင်းသည် ဧပြီ ၂၉ ရက်နိယှဥ်ပြိုင်သည့် ပြင်သစ်ဖလားလုပွဲတွင် နန့်တက်စ်အသင်းကို ၅-၁ ဂိုးဖြင့် အနိုင်ယူပြီး ၆၆ နှစ်အတွင်းဖိုင်နယ်သို့တက်ရောက်ကာ ၎င်းရို့၏ဘောလုံးသမိုင်းတလျှောက် ပြင်သစ်ဖလားကို ပထမဆုံးအကြိမ်ဆွတ်ခူးရဟိခကြောင်းသိရသည်။
တူးလော့စ်အသင်းသည် ပြင်သစ်ဖလားကို ရဟိခသည့်အတွက် လာမည့် ၂၀၂၃-၂၄ ဘောလုံးလုံးရာသီတွင် ယူရိုပါလိဂ် ဝင်ခွင့်ရဟိမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲဝင်ခွင့်သည် ၂၀၀၉-၁၀ နောက်ပိုင်း ၎င်းရို့၏ပထမဆုံး ဥရောပ ပြိုင်ပွဲ ဖြစ်ကြောင်း လေ့သိရသည်။
တူးလော့စ်အသင်း၏အနိုင်ဂိုးများကို နောက်ခံလူ ကော်စတာနန့် တိုက်စစ်မှူး ဒါလင်ဂါ ရို့က ပထမပိုင်းတွင် တယောက် ၂ ဂိုးစီသွင်းယူခပြီး ပဉ္စမမြောက်ဂိုးကိုတော့ တိုက်စစ်မှူး Aboukhlal ဒုတိယပိုင်းတွင် သွင်းယူပီးခ ကတ်သည်။
တူးလော့စ်အသင်းသည် လက်ဟိ ပြင်သစ်လီဂူးဝမ်း အမှတ်ပီးဇယားတွင် ရမှတ် ၄၁ မှတ်ဖြင့် အဆင့်(၁၂) တွင်ရပ် တည်နီ ပြီး မေ ၂ ရက်နိတွင် လန့်စ်အသင်းနန့်ယှဥ်ပြိုင်ရမည်ဖြစ်သည်။
Source – Toulouse won the French Cup for the first time in football history.
Photo – The Toronto Star