APM ၊ ဧပြီ ၃၀ / ၂၀၂၃
ရက္ခိုင်တွင် ဆန်အပါအဝင် စားသောက်ကုန်ဈီးနှုန်းများ တရက်ထကတရက် တရိပ်ရိပ်မြင့်တက်လာနီကြောင်း သိရသည်။
သင်္ကြန်မကျခင် ဧပြီပထမအပတ်က ပေါ်ဆန်မွှီးဆန် တအိတ်ကို ငွေကျပ် ၇၀၀၀၀၊ ကောက်ကြီးဆန် တအိတ်လျှင် ၆၀၀၀၀ ကျော်၊ ရွှီဝါထွန်းဆန်တအိတ်လျှင် ၅၀၀၀၀ ဝန်းကျင် ခန့်ဟိခရာမှ လက်ဟိတွင် လက်ရှိ စစ်တွေဆန်ဈီးကွက်၌ ပေါ်ဆန်းမွှီး တအိတ် လျှင် ၈၅ဝဝဝ ကျပ် ၊ ကောက်ကြီးဆန် တအိတ်လျှင် ၇၅ဝဝဝ ကျပ်နန့် ရွှီဝါထွန်းတအိတ်လျှင် ၅၈ဝဝဝကျပ်အထိ ဈီးနှုန်းမြင့်တက် လားသည်။
အလားတူ အခြီခံစားသောက်ကုန်များဖြစ်သည့် ကြက်သွန်နီ တပိဿာကို ၃၇၀၀ ကျပ်၊ စားသုံးဆီတပိဿာကို ကျပ် ၁၂၅၀၀ ကျပ်နန့် ငရုပ်သီးခြောက် တပိဿာကို ၁၈၅၀၀ ကျပ်အထိ ဈီးနှုန်းမြင့်တက်လားကြောင်း ဒေသခံများက ပြောသည်။
ယင်းအပြင် ပြည်သူများမှာလေ့ ဆန်ဈီးနှုန်းများ ဆက်လက်မြင့်တက်လာမည်ကို စိုးရိမ်၍င့် ဆန်များကို အလုအယက်လာ ရောက် ဝယ်ယူမှုဟိနီသည်ဟုဆိုသည်။
ယင်းသို့ စားသောက်ကုန်ဈီးနှုန်းများ တရိပ်ရိပ်မြင့်တက်လာမှုကြောင့် ဒေသခံ ပြည်သူများမှာ အခက်အခဲများနန့် ရင်ဆိုင်နီကတ်ရပြီး လက်လုပ်လက်စားပြည်သူမျာဆိုလျှင် စားဝတ်နီရီးကျပ်တည်းမှုများ ဖြစ်ပေါ်လျက်ဟိသည်။
ယင်းအပြင် အဂုပိုင် ဆန်ဈီးမြင့်တက်ရခြင်းမှာ လုပ်ငန်းသျှင်တချို့က စပါးများကို ထုတ်မရောင်းဘဲ သိုလှောင်ထား မှုကြောင့်ဖြစ်ပြီး ဆက်လက်၍လည်း ဈီးနှုန်းမြင့်တက်နိုင်လာသိမ့်ကြောင်း ခန့်မှန်းသုံးသပ်နီ ကတ်ရသည်။