APM ၊ ဧပြီ ၃၀ / ၂၀၂၃
အိန္ဒိယမြောက်ပိုင်း ပန်ဂျပ်ပြည်နယ် လူဒီယာနာမြို့တွင် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၁၁ ယောက် သီဆုံးခပြီး ၉ ယောက်ကို ဆီးရုံတင်ထားရကြောင်း ပြည်နယ်လွှတ်တော်အမတ်တယောက်က ဧပြီ ၃၀ ရက်နိတွင်ပြောကြား သည်။
အမျိုးသားသဘာဝဖီးတုံ့ပြန်ရီးတပ်ဖွဲ့မှ အဖွဲ့တဖွဲ့သည် ကျွမ်းကျင်သူအဖွဲ့တဖွဲ့နန့်အတူ အကြောင်းရင်းကိုစုံစမ်းရန် ယင်းနီရာသို့ ရောက်ဟိနီသည်။
မျက်နှာဖုံးတပ်ထားသော ရဲအရာဟိများ ကင်းလှည့်နီပြီး ကန့်သတ်ပိတ်ပင်ထားသည့်ဧရိယာမှ ထွက်ပီးကတ်ဖို့ ဒေ သခံများအား တိုက်တွန်းနီသည်ကို ANI သတင်းဌာနက ဖော်ပြထားသည်။
ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ် Bhagwant Mann က အဆို ပါယိုစိမ့်မှုသည် စက်ရုံတခုမှဖြစ်ကြောင်း ၎င်း၏ တွစ်တာတွင် ဖော်ပြထားပြီး အသေးစိတ်အချက်အလက်များကို မဖော်ပြထားခြင်းမဟိကြောင်း တွိရသည်။
ရုပ်အလောင်း ၃ လောင်းမှာ အပြာရောင်သို့ ပြောင်းလားသည်” ဟု ဒေသခံ အန်ဂျန်ကူးမားက ANI ၏ တွစ်တာဟိ ဗီဒီယိုဖိုင်တွင် ပြောကြားထားသည်။
Ref ; Gas leak in India’s Punjab kills 11 people, state lawmaker says
Photo – The Economic Times