APM ၊ မာ့ချ် ၃၀ / ၂၀၂၄
မာ့ချ် ၂၉ ရက်နိ၊ ညည့်မာ မင်းပြားမြို့နယ်၊ သေကံရွာကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၃ စီးနန့် ကောက်ကျစ်ယုတ်ညံ့စွာ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဆရာတော်တပါးအပါအဝင် ၂ ဦး ဒဏ်ရာရလားပနာ သာသနိက အဆောက်အအုံတချို့နန့် အိမ် ၁၁ ဆောင်ပျက်စီးလားခရေလို့ သိရပါရေ။
ထိခိုက်ဒဏ်ရာရလားခရေဆရာတော်ကတော့ သေကံရွာ၊ ပညာဗိမာန်ကျောင်းတိုက်က ဆရာတော် အသျှင်ပညာဗလ(သက်တော် ၅၇ နှစ်)ဖြစ်ပါရေ။
နောက်ထပ်ဒဏ်ရာရလားခရေ လူပုဂ္ဂိုလ်ကတော့ သေကံရွာက ဦးစံထွန်း(၇၇နှစ်) ဖြစ်ပါရေ။
မာ့ချ် ၂၉ ရက်နိ ညည့် ၁၁ နာရီလောက်က မင်းပြားမြို့နယ်၊ သေကံရွာထဲကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၃ စီးနန့် ဗုံးအလုံး ၂၀ လောက် ကြဲချတိုက်ခိုက်ခရေလို့ ရွာသားတိက ပြောပါရေ။
ယင်းအထဲက ဗုံးသီး ၂ လုံး သေကံရွာက ပညာဗိမာန်ကျောင်းတိုက်သို့ ကျရောက်ပေါက်ကွဲခပနာ ဆရာတော်အသျှင်ပညာဗလ၏ ဦးဂေါင်းမာ ဗုံးစထိမှန် ထိခိုက် ဒဏ်ရာရလားခရေပိုင် ကျောင်းဝင်းထဲက ဓမ္မာရုံနန့် ဘုရားသိမ်တော်ရို့လည်း လုံးဝပျက်စီးလားခရေလို့ ဆိုပါရေ။
အလားတူ ရွာထဲမာဟိရေ ဦးစံထွန်း၏ ခြီထောက်လည်း ဒဏ်ရာရလားရေလို့ သိရပါရေ။
လက်ဟိ ဒဏ်ရာရလားရေ ဆရာတော် အသျှင်ပညာဗလ နန့် ဦးစံထွန်းရို့စွာ ဆီးကုသမှုခံယူလို့ဟိပါရေ။
ယင်းအပြင် ဗုံးသီးတိ ကျရောက်ပေါက်ကွဲမှုကြောင့် သေကံရွာထဲက ဦးမောင်ဖြူ၊ ဦးမောင်စိန်သာ၊ ဦးသိန်းမြ၊ ဦးမောင်ဦး၊ ဦးကျော်ငြိမ်းမောင်၊ ဦးကျော်စိန်ခိုင်၊ ဒေါ်မစိန်လှ၊ ဒေါ်ဦးမစိန်၊ ဦးမောင်ဘဟန်၊ ဦးမောင်သန်းမြနန့် ဦးသန်းဝင်းချေ ရို့၏ နီအိမ်တိလည်း လုံးဝပျက်စီးလားခရေလို့ သိဟိရပါရေ။