
APM၊ မာ့ချ် ၃၀/ ၂၀၂၄
ရက္ခိုင်ပြည်၊ မောင်တောမြောက်ပိုင်းမာ ရက္ခိုင့်တပ်တော် (AA)နန့် တိုက်ပွဲတိကြောင့် စစ်တပ်စခန်းတိကိုစွန့်ပနာ ဘင်္ဂလားဒေ့ချ်သို့ တရားမဝင် ထွက်ဗြီး ဝင်ရောက်လားခရေ အကြမ်းဖက်စစ်ကောင်၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇၇ ယောက်ကို မြန်မာသို့ ပြန်ပို့ဖို့ စီစဉ်နီရေလို့ ဘင်္ဂလားဒေ့ချ် သတင်းဌာန Ukhiya News က ဖော်ပြပါရေ။
ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ် အမှုဆောင်အရာရှိ Mohsmad Zakaria က “ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တိကို လာဖို့ ဧပြီ ၁ ရက်နိက ၅ ရက်နိအတွင်း ပြန်ပို့ဖို့ နိုင်ငံခြားရီးဝန်ကြီးဌာနက ဆောင်ရွက်နီကြောင်း” Ukhiya News မာ ဖော်ပြထားပါရေ။
Ukhiya News ၏ ဖော်ပြချက်အရ”စစ်ကောင်စီတပ်ဖွဲ့ဝင်တိပြန်ပို့ရီးကိစ္စကို ဘင်္ဂလားဒေ့ချ်အစိုးရက လျှို့ဝှက်စွာလုပ်ဆောင်နီပြီး အချိန်တိုအတွင်း စနစ်တကျ ပို့ဆောင်လားဖို့” လို့ ဆိုပါရေ။
ယင်းစစ်ကောင်စီတပ်သား ၁၇၇ယောက်စွာ ကုန်ခရေ မာ့ချ် ၁၁ ရက်နိက ရက္ခိုင့်တပ်တော်(AA) နန့်ဖြစ်ပွားခရေ မောင်တောမြို့နယ်၊ အောင်သပြေစခန်း တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ရွာတော်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်ထဲသို့ ကြောက်လန့်တကြား ဝင်ဗြီးလားခစွာ ဖြစ်ပါရေ။
ကုန်ခရေ ဖေဖော်ဝါရီလကလည်း မောင်တောမြောက်ပိုင်းမာ ရက္ခိုင့်တပ်တော်(AA) နန့်ဖြစ်ပွားခရေ တိုက်ပွဲတိကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ရို့လည်း ဘင်္ဂလားဒေ့ချ်နိုင်ငံထဲသို့ တရားမဝင် ထွက်ဗြီးဝင်ရောက်ခကတ်ပြီးကေ ၎င်းရို့ကို ဘင်္ဂလားဒေ့ချ်အစိုးရက ဖေဖော်ဝါရီ ၁၅ ရက်နိမာ စစ်ကောင်စီဘားသို့ ပြန်ပို့ခပါသိမ့်ရေ။
ယင်းပိုင် အခြေအနီမကောင်းခါ နယ်စပ်ဖြတ်ကျော်လို့သူရဲဘောကြောင်စွာ ထွက်ဗြီးလားခပြီးကေ ဘင်္ဂလားဒေ့ချ်က ပို့ပီးလို့ ပြန်ရောက်လာရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်နန့် နောက်ထပ် ပြန်တိုက်နီရေလို့လည်း သတင်းတိထွက်ပေါ်နီပါရေ။
Ref ; Attempt to sent back 177 BGP members/ Ukhiya News
Photo – Ukhiya News
