
APM ၊ မာ့ချ် ၃၀/၂၀၂၄
ရမ်းဗြဲမြို့နယ်မာ ဒေနိ၊မာ့ချ် ၃၀ ရက်နိ၊ မိုးထ ၁၁ နာရီခွဲလောက်က အကြမ်းဖက်စစ်ကောင်စီတပ်၏ ဂျက်တိုက်လီယာဉ်တစီး လာရောက်ပစ်ခတ်တိုက်ခိုက်လို့ အချေတယောက်သီဆုံးပြီးကေ၊ နောက်ထပ် နှစ်ယောက် ထိခိုက် ဒဏ်ရာရလားရေလို့ သိရပါရေ။
သီဆုံးလားရေလူစွာ ရမ်းဗြဲမြို့နယ်၊ ဖက်ကြပ်ရွာက မောင်ဖြိုးကို (၁၃နှစ်) ဖြစ်ပြီးကေ၊ ဒဏ်ရာရလူတိကတော့ ယင်းဖက်ကြပ်ရွာက ဒေါ်ခင်ဆန်းရီ (၄၇ နှစ်)နန့် ဦးဘိုခိုင် (၅၆ နှစ်)ရို့ဖြစ်တေလို့ သိရပါရေ။
ဒေနိ၊ မိုးထ ၁၁ နာရီခွဲလောက်က အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်တိုက်လီယာဉ်တစီးစွာ ဖက်ကြပ်ရွာသို့ရောက် လာပြီးကေ ရော့ကဒ် (၂)လုံး ပစ်ခတ်ခရေလို့ ဒေသခံတိက ပြောပါရေ။
ယင်းပိုင် အောက်တန်းကျစွာ ယမ်းကားပစ်ခတ်မှုကြောင့်ဖက်ကြပ်ရွာက မောင်ဖြိုးကို ဗုံးစထိမှန်ပနာ နီရာမာပင်သီဆုံးလားခပြီးကေ ဒေါ်ခင်ဆန်းရီ၏ ပေါင်နန့် ဦးဘိုခိုင်၏ ခန္ဓာကိုယ်အနှံ့မာလည်း ထိခိုက်ဒဏ်ရာတိရလားခရေလို့ ရွာသားတိက ဆိုပါရေ။
ရက္ခိုင့်ပြည်တဝန်းမာ တပ်ရင်း၊တပ်မ၊ ဌာနချုပ်တိ၊ တပ်စခန်းတိအမြောက်အမြားနန့်မြို့တိကို တခုပြီးတခု လက်လွှတ်ဆုံးယှုံးနီရရေ အကြမ်းဖက် စစ်ယှုံး စစ်ကောင်စီစွာ ရက္ခိုင့်တပ်တော်သိမ်းပိုက်ထားရေ မြို့၊ရွာတိကို ယုတ်မာကောက်ကျစ်စွာ ဒရုန်း၊ ဂျက်၊ လက်နက်ကြီးတိနန့် နိစဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်ပျာစစ်ရာဇဝတ်မှုတိကို ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲ ချိုးဖောက်ကျူး လွန်လျက်ဟိနီပါရေ။


