APM ၊ မာ့ချ် ၃၀ / ၂၀၂၄
ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်၊ လယောင်မြို့နယ်၊ ဘိုတဲမြို့ဟိ ဆောက်လုပ်ရီး လုပ်ငန်းခွင်တခုမာ မာ့ချ် ၂၉ ရက်နိ၊ ညဇာပိုင်းက အလုပ်ချိန်အတွင်း ကရိန်းပြိုကျလားလို့ မြန်မာလုပ်သား ၇ ယောက်သီဆုံးလားရေလို့ သိရပါရေ။
ထိုင်းသတင်းဌာန Khaosad English ၏ ဖော်ပြချက်အရ ယင်းကရိန်းပြိုကျမှုစွာ တရုတ်နိုင်ငံထုတ် စတီးလ်စက်ရုံတခုမာ မြန်မာလုပ်သား ၇ ယောက်ကို အမြင့်သို့ ကရိန်းနန့် ပို့ဆောင်နီချိန် ကရိန်းပြိုကျခစွာလို့ ဆိုပါရေ။
ကရိန်းပြိုကျမှုဖြစ်ပြီးနောက် မြန်မာလုပ်သား ၆ ယောက် နီရာမာပင် သီဆုံးခပြီးကေ ဒဏ်ရာပြင်းပြင်းထန်ထန်ရလားရေ မြန်မာလုပ်သား ၁ ယောက်လည်း ဆီးရုံမာ ဆုံးပါးလားရေလို့ သိရပါရေ။
သီဆုံးခရေ မြန်မာလုပ်သားတိအတွက် တယောက်စီ နစ်နာကြေး ဘတ် ၅ သန်းပီးဖို့နန့် နစ်နာကြေးမပီးမချင်း ရုပ်အလောင်းတိကို ထုတ်ယူခွင့်မပြုဆိုပနာ လုပ်ငန်းခွင်အတွင်း တခြားမြန်မာလုပ်သားတိက ဝိုင်းဝန်ဆန္ဒပြခကတ်ပါရေ။
ယင်းကြောင့် အလောင်းတိကို ထုတ်ယူနိုင်ရီးအတွက် ထိုင်းရဲအရာဟိ ၃၀ လောက်က မြန်မာလုပ်သားတိနန့် ဆွေးနွေးခကတ်ရပြီးနောက်၊ အလုပ်သျှင်ကလည်း တယောက်စီ ဘတ်ငွေ ၁၆ သိန်းပီးဖို့ သဘောတူခ ကတ်တေလို့ သိဟိရပါရေ။
Sources – Protests Erupt as Rayong Construction Crane Collapses
Photo – Khaosad English