APM ၊ မာ့ချ် ၃၀/၂၀၂၄
ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်မာ ဒေနိ မာ့ချ် ၃၀ ရက်နိ၊ မိုးထပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ထောင်ထားရေ မိုင်းကို နင်းမိလို့ ဒေသခံတယောက် ခြီတဖက် ပြတ်ထွက်လားရေလို့ သိရပါရေ။
ခြီတဖက်ပြတ်ထွက်လားလူစွာ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ အုန်းတောရွာ၊ဝတ်ဆံထောင့်က ဦးကိုဝင်း(၄၅ နှစ်) ဖြစ်ပါရေ။
ဦးကိုဝင်းစွာ ဒေနိ၊ မိုးထ ၇ နာရီလောက်မာ သူနီထိုင်ရာ ဝတ်ဆံထောင့်ကနီ ဒိုးတန်းတောင်(ခ)ရွှီသာကမ်းတောသို့ ပိန္နဲသီးဆွတ်ဖို့ လားချိန် ယင်းတောဟိ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ်(၃၂) ရဲတပ်ရင်းက တပ်ဖွဲ့ဝင်တိထောင်ထားရေ မိုင်းကို နင်းမိပြီးကေ၊ ပေါက်ကွဲမှုဖြစ်ခစွာလို့ ဒေသခံတိက ပြောပါရေ။
ယင်းပေါက်ကွဲမှုကြောင့် ဦးကိုဝင်းမာ ဘယ်ခြီထောက်ပြတ်ထွက်လားခပြီးကေ၊ ညာခြီထောက်မာလည်း မိုင်းစထိမှန်ပနာ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရလားရေလို့ ဆိုရပါရေ။
လက်ဟိ ဦးကိုဝင်းစွာ အရေးပေါ် ဆီးကုသမှုခံယူလျက်ဟိပါရေ။
ကုန်ခရေ မာ့ချ် ၂၂ ရက်နိကလည်း ယင်းအုန်းတောရွာနားမာ အကြမ်းဖက်စစ်ကောင်စီတပ်ထောင်ထားခရေ မိုင်းကို နင်းမိလို့ ဒေသခံတယောက် သီဆုံးလားခပြီး၊ နောက်ထပ်တယောက်လည်း ခြီတဖက်ပြတ်ထွက်လားခပါသိမ့်ပါရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်၏ထိုးစစ်ကြောင့် ၎င်းရို့၏ တပ်စခန်းတခုပြီး တခု၊ တမြို့ပြီးတမြို့ လက်လွှတ်ပီးနီရရေ အကြမ်းဖက်စစ်ယှုံး စစ်ကောင်စီစွာ ၎င်းရို့ စွန့်လွှတ်ခရရေ စခန်းတိ၊ မြို့ရွာနီရာတိအပြင် နောက်ထပ်စွန့်လွှတ်ရဖို့ စခန်းတိနန့် မြို့ရွာပတ်ဝန်းကျင်တိမာ ယုတ်မာကောက်ကျစ်စွာ မြီမြှုပ်မိုင်းတိထောင်ထားခရေအတွက် အာရက္ခပြည်သူတိအနီနန့် အထူးသတိပြုလားလာကတ်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်က အလေးအနက် သတိပီးတိုက်တွန်းထားပါရေ။