
APM ၊ မာ့ချ် ၃၀ / ၂၀၂၄
မာ့ချ် ၂၈ ရက်နိမာ ကျရောက်တေ လူထုတော်လှန်ရီးမဟာမိတ် (PRA) တည်ထောင်ခြင်း (၃) နှစ်ပြည့်နိ အခမ်းအနားသို့ ရက္ခိုင့်တပ်တော်၊ Nova စစ်ဒေသက ဂုဏ်ပြုသဝဏ်လွှာ ပီးပို့လိုက်တေလို့ သိရပါရေ။
သဝဏ်လွှာမာ “၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နိ၌ ဖြစ်ပွားခသည့် စစ်အာဏာသိမ်းမှုနန့်တတူ မြန်မာနိုင်ငံအတွင်းဟိ တိုင်းရင်းသားလူမျိုးပေါင်းစုံအသီးသီးသည် အာဏာသိမ်းအကြမ်းဖက်စစ်တပ်နန့် ဖက်ဆစ်စစ်အာဏာသျှင်စနစ်ကို အပြီးသတ်ခြီမှုန်းအမြစ်ဖြတ်နိုင်ရီးအတွက် ဒေသအသီးသီးတွင် ပြည်သူ့ကာကွယ်ရီးတပ်ဖွဲ့များ၊ လူမျိုးအခြီပြု ကာကွယ်ရီးတပ်များနန့် ဒေသအခြီပြုကာကွယ်ရီးတပ်များကို အသီးသီးဖွဲ့စည်းခကတ်သည်။ နီရာဒေသမတူသော်လည်း ဘုံရည်မှန်းချက် နန့် ဘုံရန်သူတူညီကတ်သော ဒေသကာကွယ်ရီး အဖွဲ့အစည်းများသည် ဖွဲ့စည်းစတွင် မိမိရို့တော်လှန်ရီးအဖွဲ့အစည်းများထံတွင် တော်လှန်ရီးအကူအညီများတောင်းခံလာမှုများအပေါ်တွင် မိမိရို့အနီဖြင့် စိတ်ပိုင်းဆိုင်ရာခွန်အားနန့် တော်လှန်ရီးခွန်အားများကို အတတ်နိုင်ဆုံးအကူအညီပီးခပြီးဖြစ်သည်” လို့ဖော်ပြထားပါရေ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနန့်တတူပေါက်ဖွားလာပြီး ဒေနိအချိန်အထိ တော်လှန်တိုက်ပွဲဝင်လျက်ဟိနီရေ ပြည်သူ့ ကာကွယ်ရီးတပ်တိအထဲက လူထုတော်လှန်ရီးမဟာမိတ် (People’s Revolution Alliance – PRA) အဖွဲ့စွာလည်း စစ်အာဏာသျှင်ကို တစိုက်မတ်မတ်တော်လှန်လာခစွာမာ ဒေနိဆိုကေ (၃) နှစ်ပြည်သို့ ရောက်လာပြီးဖြစ်တေပိုင်၊ တော်လှန်ရီးကာလ အချိန်ကြာလာသည်နန့်အမျှ အဖွဲ့အစည်းတိအားလုံးစွာ တော်လှန်ရီး၏အထုအထောင်းဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နီကတ်ရသကဲ့သို့ “လူထုတော်လှန်ရီးမဟာမိတ်” အဖွဲ့အနီနန့်လည်း တော်လှန်ရီးလောကဓံကို စိတ်ဓာတ်ကြံ့ကြံ့ခံပနာ မဆုတ်မနစ် နောက်မဆုတ်ဘဲ ဆက်လက်တိုက်ပွဲဝင်လျက်ဟိရေ တော်လှန်ရီးအဖွဲ့အစည်းတခုအဖြစ် အသိအမှတ်ပြုအပ်ပါရေလို့လည်း ဆိုပါရေ။
ယင်းအပြင် “ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်သည် အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းမှုမတိုင်ခင်ကပင် ဖိနှိပ်ခံ အာရက္ခပြည်သူလူထုတရပ်လုံး၏ လိုလားချက်၊ မျှော်မှန်းချက်များအရ မိမိရို့၏ စစ်ရီး၊ နိုင်ငံရီး ရည်မှန်းချက်များအတိုင်း အစဉ်တစိုက်တိုက်ပွဲဝင်လာသည့် အဖွဲ့အစည်းတခုဖြစ်ပါသည်။ လက်ဟိစစ်အာဏာသိမ်းမှု နောက်ပိုင်းတွင်လည်း မြန်မာပြည်သူလူထုတရပ်လုံး လိုလားတောင့်တနီသည့် လိုလားချက်၊ မျှော်လင့်ချက်များအတွက် အခြားသော စစ်ရီး/ နိုင်ငံရီးမဟာမိတ်အဖွဲ့အစည်းများနန့်အတူ လက်တွဲပြီး တိုက်ပွဲဝင်လျက်ဟိပါသည်။ မိမိရို့နန့် အတူတကွ လက်တွဲတိုက်ပွဲဝင်နီကတ်သော အဖွဲ့အစည်းများထဲမှ တဖွဲ့ဖြစ်သော လူထုတော်လှန်ရီးမဟာမိတ်အဖွဲ့ (PRA) ၏ သုံးနှစ်တာလုပ်ဆောင်ချက်များ၊ စွမ်းဆောင်ရည်များနန့်အတူ အသက်၊ ခန္ဓာ၊ ဘဝ ပီးဆပ်စွန့်လွှတ်ခရသူများနန့် ဦးဆောင်မှုများကိုလည်း ဂုဏ်ပြုအပ်ပါသည်” လို့လည်း သဝဏ်လွှာမာဖော်ပြထားပါရေ။
သုံးနှစ်တာအချိန်ကာလကို အောင်မြင်စွာ ကျော်ဖြတ်ထားပြီးဖြစ်တေ တော်လှန်ရီးအဖွဲ့အစည်းတခုအတွက် ထိုက်သင့်ရေ ပီးဆပ်မှု၊ ရင်းနှီးမှုတိကတဆင့် အတွိအကြုံသစ်၊ နောက်လှမ်းဖို့ခြီလှမ်းသစ်တိအတွက် ယုံကြည်မှု၊ ခွန်အား စိတ်ဓာတ်ကြံ့ခိုင်မှုရို့ကို ရဟိထားပြီးလို့ အပြည့်အဝယုံကြည်ပါကြောင်း၊ ယင်းအတူ တော်လှန်ရီးလောကဓံကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်သော ပြည်သူလူထုချစ်မြတ်နိုးပြီး ပြည်သူ့အတွက်အားကိုးအားထားဖြစ်စီသော တော်လှန်ရီးအဖွဲ့အစည်းတခုဆက်လက်ရပ်တည်နိုင်ဖို့ မျှော်လင့်မိပါကြောင်းနန့် PRA စွာ ၎င်းရို့ချမှတ်ထားသော မူဝါဒတိနန့်တတူ မြန်မာပြည်သူလူထု တရပ်လုံး၏ မျှော်မှန်းချက်တိကိုပါ အယင်ဆုံးအကောင်အထည်ဖော်နိုင်ရေ အဖွဲ့အစည်းတခုအဖြစ် ဆက်လက်ရပ်တည်၊ ဆက်လက်ထုဆစ်၊ ဆက်လက်ပုံဖော်နိုင်ပါစီကြောင်း PRA ဖွဲ့စည်း ထူထောင်ခြင်း (၃) နှစ်ပြည့်နိ အခမ်းအနားသို့ ပီးပို့လိုက်တေ ရက္ခိုင့်တပ်တော် ၊ Nova စစ်ဒေသ၏ ဤဂုဏ်ပြုသဝဏ်လွှာမာ ဖော်ပြထားပါရေ။

