
APM ၊ မာ့ချ် ၃၀ / ၂၀၂၃
မြန်မာစစ်တပ် ဖမ်းဆီးလားခပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နန့် တရားရင်ဆိုင်နီရသည့် မင်းပြား ဒေသခံ ၁ ယောက် အမှုအပြီးသတ်အမိန့်ချဖို့ကို စစ်တွေမြို့နယ်တရာရုံးက အကြောင်းအမျိုးမျိုးပြကာ ရုံးချိန်း အကြိမ်ကြိမ်ရွှိဆိုင်း နီ၍အမှု ကြန့်ကြာကာ နစ်နာနီကတ်ရကြောင်း သိရသည်။
အပြီးသတ်အမိန့်ချဖို့ရုံးချိန်း အကြိမ်ကြိမ်ရွှိဆိုင်းခံနီရသူမှာ စစ်တွေမြို့ ရွှီပြားရပ်ကွက်ဟိ ကိုးစင်ကြယ် ဆောက်လုပ်ရီး ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်နီသူ မင်းပြားမြို့နယ်၊ငှက်ရဲကောက်ရွာသား ဦးသိန်းဇော် (၃၂နှစ်) ဖြစ်သည်။
ဦးသိန်းဇော် အမှုတွင် တရားလိုအပါအဝင် လိုပြသက်သေ ၇ ဦးနန့် ခံပြသက်သေ ၃ ဦးကို စစ်ဆီးပြီးဖြစ်၍ ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ ဂျူလိုင် ၂၁ ရက်နိတွင် အပြီးသတ်လျှောက်လဲချက်ပီးခကာ ဩဂတ်စ်လတွင် အပြီးသတ်အမိန့်ချ မည်ဟုချိန်း ဆိုထားရာမှ လက်ဟိအချိန်ထိ အမိန့်မချသိမ့်ဘဲ အကြောင်းအမျိုးမျိုးပြလျက် ရုံးချိန်းအကြိမ်ကြိမ် ရွှိဆိုင်းနီကြောင်း မိသား စုဝင်များကပြောသည်။
အမှုကို မာ့ချ် ၂၀ ရက်နိကလေ့ စစ်တွေမြို့နယ်တရားရုံး၌ အပြီးသတ်အမိန့်ချရန် ရုံးချိန်းထားခပြီးမှ “အမှုတွဲကို အသေး စိတ်လေ့လာနီသည်” ဟုဆိုကာ လာမည့် ဧပြီ ၃ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်သည်ဟု ဆိုသည်။
ကုန်ခသည့် ဂျန်နဝါရီ ၂၁ ရက်နိ၌ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များက စစ်ဆီးမိန်းမြန်းစရာဟိသည်ဟုဆိုကာ ဦးသိန်းဇော်အား စစ်တွေမြို့၊ ရွှီပြားရပ်ကွက်ဟိ ၎င်း၏နီအိမ်၌ လာရောက်ဖမ်းဆီးလားခသည်။
ယင်းနောက် ဦးသိန်းဇော်ကို ရက္ခိုင့်တပ်တော် AA နန့် ဆက်သွယ်သည်ဟု မတရားစွပ်စွဲကာ စစ်တွေ အခြီစိုက် မြန်မာ စစ်တပ် အမှတ် (၈၂၈) ထောက်ပံ့ရီးနန့် ပို့ဆောင်ရီးတပ်မှ ဗိုလ်ကြီး စစ်မင်းနိုင် တရားလိုလုပ်၍ ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆို ထားခြင်းဖြစ်ပြီး။ အပြီးသတ်အမိန့်ချရမည့်အဆင့်တွင်စစ်တွေ မြို့နယ်တရားသူကြီးက ဥပဒေကိုလက်တလုံးခြား လုပ်ကာ အဂုကဲ့သို့ အကြောင်းအမျိုးမျိုးပြလျက် ရုံးချိန်းများ ရွှိဆိုင်းနီခြင်း ဖြစ်သည်။
လက်ဟိ ဦးသိန်းဇော် တရားရင်ဆိုင်နီရသည်မှာ ၁ နှစ်ကျော်ကြာမြင့်နီပြီးဖြစ်သည့်အပြင် အမိန့်မချဘဲ ရုံးချိန်းများ အကြိမ် ကြိမ်ရွှိဆိုင်းနီသည်မှာလေ့ ၈ လကျော်ခန့် ကြာမြင့်နီပြီးဖြစ်သည့်အတွက် အမှုကို အယင်ဆုံး အမိန့်ချမှတ်ပီးရန် မိသားစု ဝင်များက လိုလားနီကတ်သည်။
Photo – CJ
