APM ၊ မာ့ချ် ၃၀ / ၂၀၂၃
ဗြိတိန်အိုလံပစ်ရီကူးပြိုင်ပွဲတွင်သုံးကြိမ်တိုင်တိုင်ဗိုလ်စွဲထားသည့် ရီကူးချန်ပီယံ Adam Peaty သည် စိတ်ကျန်းမားရီး ထိခိုက်နီ၍ဟုဆိုကာ လာမည့်ဧပြီလတွင်ကျင်းပမည့် ဗြီတိန်ရီကူးချန်ပီယံရှစ်ပြိုင်ပွဲမှ နုတ်ထွက်လိုက်သည် ဟု မာ့ချ် ၂၉ ရက်နိတွင် အတည်ပြု ပြောကြားသည်။
အသက် ၂၈ နှစ်အရွယ် Peaty က “ဒေအားကဇတ်က ကျနော့်အတွက် အရာအားလုံးပါ။ ယေကေလေ့ အောင်မြင်မှုက လူ တစ်ယောက်ချင်းစီ၏ စိတ်ကျန်းမာရီးကို ထိခိုက်စီပါရေ။ ပြီးခရေနှစ်တိကလေ့ ကျနော် စိတ်ကျန်းမာရီးနန့် ပတ်သက်လို့ ရုန်းကန်ခရပါရေ။ ဒေအားကဇတ်နန့် ဖြတ်သန်းလာရေ ဆယ်စုနှစ်တခုမှာ ကျနော်ပင်ပန်းခပါရေ” ဟု ပြောကြားခသည်။
ဧပြီ ၄ ရက်နိမှ ၉ ရက်နိအထိ Ponds Forge တွင်ကျင်းပမည့် ဗြိတိန်ရီကူးချန်ပီယံရှစ်ပြိုင်ပွဲကို လွဲလျော်မည် ဖြစ်ကေလေ့ ပါရီမြို့တွင်ကျင်းပမည့် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာတော ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်ဟု သူကဆိုသည်။
Peaty သည် ကမ္ဘာ့ချန်ပီယံရွှီတံဆိပ် ၈ ခု၊ ဥရောပချန်ပီယံရွှီတံဆိပ် ၁၇ ခုနန့် Commonwealth Games ရွှီတံဆိပ် ၄ ခု ဆွတ်ခူးထားကြောင်းသိဟိရသည်။
Source – ‘Tired’ Peaty pulls out of British Championships
Photo – Sky Sports