APM ၊ မာ့ချ် ၃၀ /၂၀၂၃
ရက္ခိုင်ဟိ လူမှုကယ်ဆယ်ရီးလုပ်ငန်းများဆောင်ရွက်နီသည့် အရပ်ဖက်အဖွဲ့အစည်းများအနီနန့် လက်နက်ကိုင် အဖွဲ့များနန့် ပတ်သက်လျှင် အသစ်ပြဌာန်းထားသည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ထိထိရောက်ရောက် အရေးယူခံရ ည်ဟု ပြည်နယ်စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုကြောင်း သိရသည်။
ကုန်ခသည့် မာ့ချ် ၂၈ ရက်နိက ရက္ခိုင်ဟိအရပ်ဖက်အဖွဲ့အစည်းများမှ တာဝန်ဟိသူမျာအား စစ်တွေမြို့ရှိ ပြည်နယ် အစိုးရ ရုံးသို့ခေါ်ယူတွိဆုံရာ၌ စစ်ကောင်စီ၏ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယင်းသို့ ခြိမ်းခြောက် ပြောဆိုခခြင်း ဖြစ် သည်။
ရက္ခိုင်လူမှုရီးအသင်းအဖွဲ့အစည်းများအနီနန့် လက်ဟိပြဌာန်းထားသည့် တည်ဆဲဥပဒေနန့်အညီ လုပ်ဆောင်ကြရန်၊ ဥပဒေ နန့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်လားမည်ဖြစ်ကြောင်းနန့် မှတ်ပုံမတင်ရသိမ့်သော အဖွဲ့များအနီနန့် မှတ်ပုံတင် ရန်လိုအပ်ပြီး မှတ်ပုံမတင်ဘဲလုပ်ငန်းဆောင်ရွက်နီလျှင်ထိရောက်စွာစီစစ်အရေးယူလားမည်ဟု ဦးထိန်လင်းက ပြောကြား ခသည်။
ယင်းအပြင် မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းများအနီနန့်လေ့ ငွေစာရင်းရယှင်းတမ်းများနန့် လုပ်ငန်းဆောင်ရွက် ချက်များ ကို ၃ လတကြိမ် မြို့နယ်(သို့မဟုတ်) ပြည်နယ်သို့ အချိန်မှန် မပျက်မကွက် အစီရင်ခံတင်ရမည်ဟုလေ့ ဦးထိန်လင်းက ပြော ဆိုခသိမ့်သည်။
စစ်ကောင်စီသည် ၂၀၁၄ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်က ပြဋ္ဌာန်းခသည် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ဖျက်သိမ်းကာ ပြီးခသည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်က အသင်းအဖွဲ့ဆိုင်ရာ ဥပဒေသစ်တရပ် ပြန်လည်ဖွဲ့စည်း ကြောင်း ထုတ်ပြန်ကြေကြာခသည်။
ယင်းဥပဒေသစ်အရ မည်သည့်အသင်းအဖွဲ့မှ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်သည့် အဖွဲ့အစည်းနန့် ပုဂ္ဂိုလ်များ၊ အကြမ်းဖက်လုပ်ရပ်များကို ကျုးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်ထားသော အဖွဲ့အစည်းနန့် ပုဂ္ဂိုလ်များ၊ မတရား အသင်းနန့် ယင်းမတရားအသင်း၏ အဖွဲ့ဝင်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပီးကူညီခြင်း မပြုလုပ်ရဟု ပြဌာန်းထားသည်။
ပြဌာန်းချက်များကို ဖောက်ဖျက်ကျုးလွန်ပါက အသင်းအဖွဲ့၏ တာဝန်ဟိသူကို ငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ သိန်းငါး ဆယ်ထက် မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် ပြစ်မှုကျူးလွန်သည့် အသင်းအဖွဲ့ကိုလည်း ဖျက်သိမ်းခြင်းနန့် အသင်းအဖွဲ့ပိုင် ငွေကြေး၊ ပစ္စည်းများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်လေ့ အဆိုပါ ဥပဒေ သစ်တွင်ပါဟိကြောင်း သိဟိရပါသည်။
Photo -MNP