APM ၊ မာ့ချ် ၃၀ /၂၀၂၃
ကျောက်တော်မြို့ထက်ဟိ သိမ်ပြင်စစ်ဖီးယှောင်စခန်းတွင် ယာယီလူနီဆောင်များ ပျက်စီးနီ၍ မိုးရာသီမကျခင် အဆောင်များ ပြန်ပြုပျင်ရန် အရေးတကြီး လိုအပ်နီကြောင်း သိရသည်။
ယင်းသိမ်ပြင်စစ်ဖီးယှောင်စခန်းကို ကုန်ခသည့် ၂၀၂၀ ခုနှစ် ရက္ခိုင့်တပ်တော်AAနန့် မြန်မာစစ်တပ်ရို့ တိုက်ပွဲပြင်း ထန်အချိန် က စတင်တည်ဆောက်ခခြင်းဖြစ်ပြီး သံဖြူနန့်မိုးထားသည့် တန်းလျားအဆောင် ၄ ဆောင်ဟိသည်။
လက်ဟိတွင် ယင်းတန်းလျားအဆောင်များ၌ မိုးထားသည့် သံဖြူများမှာ နှစ်ကာလကြာမြင့်လာ၍ ပေါက်ပြဲနီသည့်အပြင် အဆောင်များမှာလေ့ယိုယွင်းပျက်စီးလာ၍ မိုးရာသီအမှီဖာထီးပြုပျင်ရန် လိုအပ်နီကြောင်း စစ်ဖီးယှောင်များက ပြောသည်။
ယင်းအပြင် အဆိုပါစစ်ဖီးယှောင်စခန်း၌ ခိုလှုံနီကတ်သူအများစုမှာလေ့ WFP က ထောက်ပံ့မှုတခုရာရဟိကာ တခြား အထောက်အပံ့များလာရောက်လှူဒါန်းမှုမဟိ၍ စားရီးသောက်ရီးအတွက် အခက်အခဲဖြစ်နီကတ်ရပြီး စားနပ်ရိက္ခာ အပါအဝင် တခြား အခြီခံလူသုံးကုန်ပစ္စည်းများလေ့ လိုအပ်နီသည်။
သိမ်ပြင်စစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၁၁၃ စုနန့် လူဦးရေ ၄၈၀ ဟိကြောင်းသိဟိရပါသည်။
Photo – ABN