
APM ၊ မာ့ချ် ၃၀ / ၂၀၂၃
မီဇိုရမ်ဒေသခံ ၃ ယောက်အသတ်ခံရပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်ဟိ အဝင်/အထွက် ဂိတ်ပေါက် ၃ ခုကို မာ့ချ် ၂၉ ရက် နိမှစ၍ ရက်အကန့်အသတ်မဟိပိတ်လိုက်သည်ဟု မီဇိုရမ်ပြည်နယ် တောင်ပိုင်း Lawngtlai ခရိုင် အတွင်းရှိ Young Lai Association Bualpui(NG)Sub- Headquarters က ထုတ်ပြန်သည်။
ချင်းပြည်နန့် မိဇိုရမ်ပြည်နယ်နယ်စပ် တောအုပ်တခု၌ အိန္ဒိယနိုင်ငံသား (၃) ဦးကို သတ်ဖြတ်ခံထားရသည်ကို မာ့ချ် ၂၂ ရက် နိကတွိခရပြီးနောက် မာ့ချ် ၂၈ ရက်နိတွင် Young Lai Association Bualpui(NG)Sub- Headquarters က ယင်းသို့ ထုတ် ပြန်ထားခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်အရ “Archhuang , Tial dawngilung နန့် Vawmbuk စသည့်ဂိတ်ပေါက်များကို ပိတ်လိုက်ခြင်း ဖြစ်ပြီး မည်သူမျှနယ်စပ်ဖြတ်ကျော်လားလာခြင်းမပြုရန်၊မြန်မာပြည်တွင်းမှလေ့ မည်သည့်ပစ္စည်းမှလွှဲပြောင်းရယူခြင်းမပြုရန်နန့် မလိုက်နာပါက ထိရောက်စွာအရေးယူမည်” ဆိုသည်။
ချင်းပြည်ဖက်မှ မီဇိုရမ်ပြည်နယ် Siaha မြို့ကိုဝင်ရောက်သည့် Niawtlang ဂိတ်ပေါက်ကို မာ့ချ် ၂၈ ရက်နိကပင် ပိတ် ထားပြီးဖြစ်ကြောင်း သိရသည်။
အသတ်ခံရသူ အိန္ဒိယနိုင်ငံသား ၃ ယောက်မှာ ဘိတ်ခ်ဆူး (၄၈ နှစ်)၊ ဘီလယ်သာဖမ်ကီမာ (၄၀ နှစ်)နန့် ဘာဘလို (၃၇ နှစ်)ရို့ ဖြစ်ပြီး ၎င်းရို့ ၃ ယောက်သည် မာ့ချ် ၁၉ ရက်နိက မြန်မာဖက်ခြမ်းသို့ ထွက်ခွာ လားပြီးနောက် မီဇိုရမ်-ချင်းပြည်နယ်စပ် မြန်မာဖက်အခြမ်း၌ သတ်ဖြတ်ခံထားရသည့် အနီအထားဖြင့်သီဆုံးနီသည်တွိခရခြင်းဖြစ်ကြောင်း သိဟိရပါသည်။
Photo – Young Lai Association Bualpui(NG)Sub- Headquarters
