
APM ၊ ဒီဇမ်ဘာ ၃၀ /၂၀၂၂
အူမကြီး ကင်ဆာရောဂါကြောင့် ဆီးကုသမှုခံယူနီရသည့် အသက် ၈၂ နှစ်အရွယ် ဘရာဇီးဂန္ထဝင်ဘောလုံးသမားကြီး ဘောလုံးဘုရင် ပီလီသည် ဒီဇမ်ဘာ ၂၉ ရက်နိက ဆာအိုပေါ်လိုမြို့ ဆီးရုံ၌ ကွယ်လွန်လားကြောင်း သိရသည်။
ကုန်ခသည့် နိုဝင်ဘာ လကုန်ပိုင်းလောက်ကပင် ပီလီ ဆီးရုံတက်ခရပြီး၊ အူမကြီးကင်ဆာရောဂါအပြင် ကျောက် ကပ်၊ နှလုံးရောဂါကိုပါ ကုသမှုခံယူခရသည်။
ပီလီသည် ဘရာဇီးအသင်းနန့် တတူ ၁၉၅၈၊ ၁၉၆၂နန့် ၁၉၇၀ ရို့မှာ ကမ္ဘာ့ဖလား (၃) ကြိမ်တိတိ ဆွတ်ခူးနိုင်ခသည့် ကဇတ်သမားကြီးဖြစ်သည်။
ယင်းအပြင် ဆန်းတို့စ်အသင်းအတွက် ပွဲပေါင်း ၆၅၉ ပွဲကဇတ်ခရာ ၆၄၃ ဂိုးအထိသွင်းယူခပြီး၊ နိုင်ငံအသင်းအတွက် ၉၂ ပွဲကဇတ်ခရာမှာလေ့ ၇၇ ဂိုးအထိ သွင်းယူနိုင်ခသည်။
ပီလီသည် နိုင်ငံအသင်းနန့် ကလပ်အသင်းများ၌ ဆုဖလား အမြောက်အများရယူပီးယင်း၊ ကမ္ဘာ့အကောင်းဆုံးက ဇတ်သမားအဖြစ် ရွီးချယ်ခံခရပြီးနောက် ၁၉၇၅ ခုနှစ်တွင် ပီလီ ကဇတ်သမားဘဝမှ အနားယူခကြောင်းသိရသည်။
Photo – The Sun
