APM ၊ ဒီဇမ်ဘာ ၃၀ /၂၀၂၂
ရက္ခိုင်ပြည်၏ အထင်ကရ ကျောက်တော်တောင်တွင် မြန်မာစစ်တပ်က တပ်စွဲထား၍ ဘုရားဖူးလာရောက်သူများ အလွန်နည်းပါးနီကြောင်း သိရသည်။
ကျောက်တော်မြို့ဟိ ကျောက်တော်တောင်ထက်၌ ကုန်ခသည့် ၂၀၂၁ ခုနှစ်မှစ၍ ကျောက်တော်အခြီစိုက် မြန်မာစစ် တပ် စကခ(၉)မှ တပ်ဖွဲ့ဝင်များ အခိုင်အမာ တပ်စွဲနီရာယူထားခသည်။
ယင်းသို့ ကျောက်တော်တောင်၌ မြန်မာစစ်တပ်နီရာယူထားချိန်မှစ၍ လက်ဟိအချိန်ထိ ကျောက်တော်တောင်သို့ လာရောက်သည့် ဘုရားဖူးများမှာ မဟိသလောက် အလွန်နည်းပါးလားခရသည်ဟု ဒေသခံများက ပြောသည်။
ယင်းအပြင် ကျောက်တော်တောင်ထက်၌တပ်စွဲထားသည့် မြန်မာစစ်တပ်၊တပ်ဖွဲ့ဝင်များသည်အရက်သီစာ သောက် စားမူးယစ်ပြီး ဘုရားဖူးများအား ခြိမ်းခြောက်ဆဲဆိုမှုများလေ့ ဟိသည်ဟု ဆိုကတ်သည်။
အယင်၎င်းကျောက်တော်တောင်၌ မြန်မာစစ်တပ် တပ်စွဲနီရာယူထားခြင်းမပြုခင်က ကျောက်တော်တောင်ဘုရား သို့ ရက္ခိုင်တပြည်လုံးသာမက နိုင်ငံခြားတိုင်းပြည်များကပါ ဘုရားဖူးများလာရောက်ကတ်၍ ဘုရားဖူးများနန့် ပြည့် နှက်နီခသည်ဟု ဒေသခံများက ပြောသည်။
လက်ဟိတွင် ရက္ခိုင့်တပ်တော် AA နန့်မြန်မာစစ်တပ်ရို့အပစ်ရပ်ထားသည်ဖြစ်၍ ဗုဒ္ဓဘာသာဝင်များ လွတ်လပ်စွာ ဘုရားဖူး လားလာနိုင်ရီးအတွက် ကျောက်တော်တောင်၌ တပ်စွဲထားသည့် မြန်မာစစ်တပ်အား အယင်ဆုံး ရုပ်သိမ်း ဖယ်ယှားပီးရန် ဒေသခံများနန့် ဘုရားဖူးပြည်သူများက လိုလားနီကတ်သည်။