
Myanmar democracy icon Aung San Suu Kyi (R) accompanied by Lower House speaker Win Myint (L) leave after meeting National League for Democracy (NLD) members of parliament in Naypyidaw following a parliament session on March 14, 2016 ahead of the presidential election. (Photo by STR / AFP)
APM ၊ ဒီဇမ်ဘာ ၃၀ / ၂၀၂၂
ဒေါ်အောင်ဆန်းစုကြည်နန့် ဦးဝင့်မြင့်ရို့ကို ရဟတ်ယာဉ် ဝယ်ယူ၊ ဌားရမ်း၊ ထိန်းသိမ်းခြင်းနန့် ပတ်သက်၍ စွဲဆိုထား သည့် အဂတိ လိုက်စားမှု ၅ မှု အတွက် နေပြည်တော်အထူးတရားရုံးက ဒီဇမ်ဘာ ၃၀ ရက်နိတွင် နောက်ထပ် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
ဒေနိ အမိန့်ချခသည့် အမှုများမှာ ရာဇဝတ်ကြီးအမှုအမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နန့် ၅၀ ရို့ ဖြစ်ပြီး၊ ယင်းအထဲမှ အမှု အမှတ် ၄၉ အတွက် ထောင်ဒဏ် ၄ နှစ် နန့် ကျန်အမှုများအတွက် ထောင်ဒဏ် ၃ နှစ်စီကို တပေါင်းတည်း ကျခံစီရန် ချမှတ်လိုက်ခြင်း ဖြစ်သည်။
လက်ဟိတွင် ဒေါ်အောင်ဆန်းစုကြည်သည် အမှုစုစုပေါင်း ၁၉ မှုဖြင့် စုစုပေါင်းထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပြီး၊ ဦးဝင်းမြင့်မှာ အမှုပေါင်း ၈မှုဖြင့် စုစုပေါင်းထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရကြောင်း သိရသည်။
Photo – Frontier Myanmar
