
APM ၊ ဒီဇမ်ဘာ ၃၀ /၂၀၂၂
အူမကြီးကင်ဆာရောဂါဖြင့် ကွယ်လွန်လားခသည့် ဘရာဇီးဂန္ထဝင်ကဇတ်သမားကြီး ပီလီအတွက် အောက်မိဖွယ် အခမ်းအနားအဖြစ် ၃ ရက်ကြာကျင်းပရန် ဘရာဇီးနိုင်ငံသမ္မတ ဘော်ဆိုနာရို ကိုယ်တိုင် ကြေညာချက်ထုတ်ပြန် လိုက်သည်။
အသက် ၈၂ နှစ်အရွယ် ဘောလုံးဘုရင် ပီလီသည် ကျောက်ကပ်ရောဂါကြောင့် ခွဲစိတ်ကုသမှုအကြိမ်ကြိမ် ခံယူခ ရပြီး၊ အူမကြီးကင်ဆာရောဂါနန့် ဒီဇမ်ဘာ ၂၉ ရက်နိက ဆာအိုပေါ်လိုမြို့ ဆီးရုံ၌ ကွယ်လွန်လားခသည်။
ပီလီကွယ်လွန်မှုသည် ဘရာဇီးတနိုင်ငံလုံးအပါအဝင် ကမ္ဘာ့ဘောလုံးချစ် ပရိသတ်များအတွက်ပါ အကြီးအကျယ် ဝမ်းနည်းဖွယ်ရာနိ ဖြစ်ခရပြီး၊ ဘရာဇီးသမ္မတကိုယ်တိုင် ခရစ်တော်ရုပ်ထု၌ မီးစိမ်းထွန်းလျက်ဂုဏ်ပြုခသည်။
“ပီလီက ဘောလုံးအားကဇတ်ကို အနုပညာ နန့် ပျော်ရွှင်မှုအဖြစ် ပြောင်းလဲခရေပိုင်၊ ဘောလုံးကတဆင့် ကမ္ဘာမှာ ဘရာဇီးနာမည်ကို ဖော်ဆောင်ပီးခသူ ဖြစ်တေ” ဟု သမ္မတက ဆိုသည်။
ဘောလုံးဘုရင် ပီလီသည် ဘရာဇီးအသင်းနန့်တတူ ၁၉၅၈၊ ၁၉၆၂ နန့် ၁၉၇၀ ရို့မှာ ကမ္ဘာ့ဖလား ၃ ကြိမ်တိတိ ဆွတ်ခူးနိုင်ခပြီး၊ နိုင်ငံအသင်းနန့် ကလပ်အသင်းများ၌ ဆုဖလားအများအပြားရယူကာ ကမ္ဘာ့အကောင်းဆုံး ကဇတ် သမားအဖြစ် ရွီးချယ်ခံခရသည်။
Photo – PODER 360
