APM၊ ဒီဇမ်ဘာ ၃၀ / ၂၀၂၂
မြန်မာပြည်ဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် Deng Xijun နန့် မြန်မာစစ်ဂေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရို့သည် ဒီဇမ်ဘာ ၂၉ ရက်နိက နေပြည်တော်တွင် တွိဆုံခကြောင်း စစ်ကောင်စီမှ ထုတ်ပြန်သည်။
ယင်းသို့တွိဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနန့် ငြိမ်းချမ်းရီးဆွေးနွေးမှုများ၊ မြန်မာပြည် နိုင်ငံရီးအခြေအနေနန့် နိုင်ငံတကာအခင်းအကျင်း၌ တရုတ်အနီနန့် မြန်မာဖက်မှ ရပ်တည်မှုများကို ဆွေးနွေးခ ကတ်သည်ဟု ဆိုသည်။
Deng Xijun သည် ဒီဇမ်ဘာ ၂၈ ရက်နိက မြန်မာပြည်သို့ ရောက်လာခခြင်းဖြစ်ပြီး၊ နေပြည်တော်သို့မလာရောက် ခင် တရုတ်-မြန်မာ နယ်စပ်ဟိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နန့်လေ့ သီးခြားစီတွိဆုံခသည်ဟုသိရသည်။
အမေရိကန်အစိုးရမှ အမျိုးသားကာကွယ်ရီးအက်ဥပဒေ(NDAA) ကိုသတ်မှတ်လိုက်သည့်နောက်ပိုင်း တရုတ်အထူး ကိုယ်စားလှယ် မြန်မာပြည်သို့ ရောက်ဟိလာခြင်းဖြစ်ပြီး၊ စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် လာရောက် ခြင်းလေ့ ဖြစ်သည်။
တရုတ်အထူးကိုယ်စားလှယ် Deng Xijun သည် ၂၀၂၀ခုနှစ် မှ ၂၀၂၂ခုနှစ် နိုဗမ်ဘာလအထိ အာဆီယံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခပြီး၊ မြန်မာပြည်ဆိုင်ရာ တရုတ်အထူးသံတမန် Sun Guoxiang ၏ နီရာ၌ အစားထိုးလိုက်သည့် သံတမန်သစ် ဖြစ်သည်။
Photo – Yangon Media Group