
APM ၊ နိုဗမ်ဘာ ၃၀ / ၂၀၂၃
နိုဗမ်ဘာ ၁၆ ရက်နိကပင် စစ်ကောင်စီက ကြည်း၊ ရီ၊ လီအင်အား အလုံးအရင်းနန့် ထိုးစစ်ဆင် တိုက်ခိုက်နီခရေ ပေါက်တောမြို့ထဲမာ နိုဗမ်ဘာ ၂၉ ရက်နိမာလည်း စစ်ကောင်စီနန့်ရက္ခိုင်တပ်တော်ရို့ကြားတိုက်ပွဲတိ အပြင်းအ ထန် ဆက်လက်ဖြစ်ပွားနီကြောင်း ညီနောင်မဟာမိတ်(၃) ဖွဲ့ကနိုဗမ်ဘာ၂၉ ရက်နိ၊ညည့် ၁၁ နာရီမာထုတ်ပြန်ပါရေ။
ညီနောင် (၃) ဖွဲ့၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီစွာ ပေါက်တောမြို့ခံတိကို ဓားစာခံတိအဖြစ်မြို့ထဲမာ ဆက် ဖမ်းထားရေအတွက် ရက္ခိုင့်တပ်တော်(AA) နန့် စစ်ကောင် စီတပ်ရို့ ပေါက်တောမြို့မာ အယင်ရက်တိနည်းတူ တိုက် ပွဲတိဆက်လက်ပြင်းထန်နီရေ။စစ်ကောင်စီတပ်စွာ ပေါက်တောမြို့ကို ကြည်း၊ ရီ၊ လီ ထိုးစစ်နန့် တပြိုင်နက်တည်း ပြင်းပြင်းထန်ထန် ခုခံလျက်ဟိရာ နိုဗမ်ဘာ ၂၉ ရက်နိမာလည်း လက်နက်ကြီးနန့် ဦးတည်ပစ်မှတ်ထားလို့ အဆက် မပြတ်ပစ်ခတ်တိုက်ခိုက်နီစွာကြောင့် လက်နက်ကြီးတိ ကျရောက်ပေါက်ကွဲပနာ ပေါက်တောမြို့ထဲက လူနီအိမ်တိမီး လောင်ပျက်စီးခရရေ”လို့ ဆိုပါရေ။
အလားတူ ပလက်ဝမြို့နယ်ဟိ စစ်ကောင်စီ အခိုင်အမာတပ်စွဲထားရေ နှုံးဘူးဗျူဟာ နန့် တရွန်အိုင်ဗျူဟာ ရို့ကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရီးအတွက် ရက္ခိုင့်တပ်တော် နန့် စစ်ကောင်စီရို့ တိုက်ပွဲတိ ဆက်လက်ပြင်းထန်နီပါရေ။
ယင်းအပြင် “ကိုးကန့်တပ်မတော် (MNDAA) စွာ (၆)ရက်တိုင်တိုင်ထိုးစစ်ဆင် တိုက်ခိုက်ခရေ ကိုးကန့်ခရိုင်၊ သျှင်းဝမ်ဒေသ၊ ကုန်းကြမ်းနီရာဟိ စစ်ကောင်စီက နှစ်ပေါင်း (၂၉) နှစ်နီးပါး အခိုင်အမာ အခြီချတပ်စွဲထားရေ ကုန်း ကြမ်းတပ်စခန်းနန့် ၎င်းစခန်းအနားဟိ တပ်စခန်း (၅) ခုအပါအဝင် ဘေးပတ်ပတ် လည်မာတပ်စွဲထားရေ ယာယီစခန်းတိအားလုံးကို မိမိရို့ တပ်ဖွဲ့ဝင်ရို့ ၏ သွီး၊ ချွေး၊ ပီးဆပ်မှုများစွာနန့် နိုဗမ်ဘာ ၂၈ ရက်နိမာ အပြီးသတ်သိမ်း ပိုက်နိုင်ခရေပိုင် သျှင်းဝမ် ဒေသတခုလုံး ကိုပါ အပြီးသတ် ထိန်းချုပ်ထားနိုင်ပြီးဖြစ်တေ”လို့ ဆိုပါရေ။
ကုန်ကြမ်းစခန်းကို အပြင်းအထန် အဆက်မပြတ် ထိုးစစ်ဆင်ရေခါ စစ်ကောင်စီ၏အရှိမြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၁၂၅) တပ်ရင်းက တပ်ရင်းမှူးနန့် တပ်ဖွဲ့ဝင်တိအပါအဝင် စစ်ကောင်စီလက်အောက်ခံ ပြည် သူ့စစ် အဖွဲ့ဝင်စုစုပေါင်း (၂၇၂) ယောက်စွာ ခုခံနိုင်ခြင်းမဟိဘဲ မိမိရို့ညီနောင်(၃)ဖွဲ့ဘားမာ လက် နက်ချအညံ့ခံခရေပိုင် မိမိရို့ညီနောင်မဟာမိတ် (၃) ဖွဲ့စွာ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နီရေ ရန်သူ့စခန်း ကြီး၊ စခန်းချေတိနန့် တပ်စခန်းတိကိုလည်း နိုဗမ်ဘာ၂၈ ရက်နိမာ ဆက်လက်သိမ်းပိုက် ရယူနိုင်ခပနာ တိုက်ပွဲအတွင်း ရန်သူ့တပ်ဖွဲ့ဝင်တိကိုပါ ထပ်မံ ဖမ်းဆီးရဟိခပြီးကေ စစ်လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခရေလို့ဆိုပါရေ။
လက်နက်ချ အလင်းဝင်လာရေ စစ်ကောင်စီတပ်ဖွဲ့ဝင်ရို့ကို မိမိရို့က စစ်သုံ့ပန်းဥပဒေအရ ကောင်းမွန်စွာ စောင့်ယှောက်ထားပြီးကေ ဒဏ်ရာရလူနာတိနန့် ၎င်းရို့ မိသားစုဝင်တိကိုလည်း ကြည့်ရှုစောင့်ယှောက်ထားရေလို့ ဖော်ပြထားပါရေ။
ယင်းအပြင် တအာင်းတပ်မတော် (TNLA) စွာ နိုဗမ်ဘာ ၂၈ ရက်နိ၊ မိုးထ ၇ နာရီ အချိန်လောက်မာ နမ့်ခမ်းမြို့နယ် ဟိ စစ်ကောင်စီ အခြီချ တပ်စွဲထားရေ စခန်းသစ်တပ်စခန်း ကိုလည်းကောင်း၊ မိုးထ ၁၀ နာရီ ၄၅မိနစ် အချိန် လောက်မာ သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြိုနယ်ဟိ စစ် ကောင်စီ၏နမ့်ပေါတံတားတပ်စခန်းကို လည်းကောင်း၊ နိခင်း ၁ နာရီ ၂၀ မိနစ်အချိန်လောက်မာ ရက္ခိုင်တပ်တော်နန့်ပူးပေါင်းပြီး မူဆယ်မြို့နယ်၊အထက်တုံခံကျေးရွာဖက်မာလည်းကောင်း စစ်ကောင်စီတပ်နန့် ထိတွိတိုက်ပွဲ ဖြစ် ပွားခရေပိုင် ကိုးကန့်တပ်မတော်(MNDAA)ကလည်းယင်းနိမာ မုံးကိုးခရိုင်၊ မိုင်းကျက် ဒေသဟိစစ်ကောင်စီ၏ မုံစီးတပ်စခန်း ကို အပြီးသတ် ချေမှုန်းသိမ်းပိုက်ခပြီးကေရန်သူ့အလောင်းတချို့နန့် စစ်လက်နက်ခဲယမ်းတချို့ ကိုသိမ်းဆည်းရမိခရေလို့ ထုတ်ပြန်ချက်က ဖော်ပြထားပါရေ။
ယင့်သို့ တိုက်ပွဲဖြစ်နီစဉ်အတွင်း စစ်ကောင်စီစွာ Mi35 တိုက်ခိုက်ရီးယာဉ်နန့် (၄) ကြိမ်၊နိုဗမ်ဘာ ၂၈ ရက်နိ၊ မိုးထ ၈ နာရီ ၂၅ မိနစ်အချိန် သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ “အေးသျှားဝေါ”တိုးဂိတ်အနားတဝိုက်သို့ လက် နက်ကြီးနန့် (၂၅) ကြိမ်၊ ညဇာ ၄ နာရီ ၄၅မိနစ်မာ သီပေါ မြို့နယ်ဟိ စစ်ကောင်စီ၏သီပေါတပ်စခန်းက ဆန်ဖိတ် ကျေးရွာဖက်သို့ လက်နက်ကြီးနန့် (၁၀)ကြိမ်၊ညဇာ ၅ နာရီ ၃၀ မိနစ်မာနမ့်ဖတ်ကာတပ်စခန်း”က နမ့်ဖတ်ကာမြို့ပြင်တဝိုက်သို့ လက်နက်ကြီးနန့် (၅)ကြိမ်၊ မူဆယ်မြို့နယ်အခြီစိုက် စစ်ကောင်စီတပ်စခန်းက လုံခန်ကျေးရွာဖက်သို့ ဂျက်ဖိုက်တာနန့်(၃)ကြိမ်၊ မူဆယ် ၁၀၅ မိုင် တပ်စခန်းနား သို့ ဂျက်ဖိုက်တာနန့် (၆) ကြိမ် ပစ်ကူပီးတိုက်ခိုက်ခရေလို့လည်း သိရပါရေ။
ယေပြီးကေ ၁၀၂၇ စစ်ဆင်ရီးစွာ တနိုင်ငံလုံးပူးပေါင်း ပါ ဝင်ရေစစ်ဆင်ရီးကြီးအဖြစ် အသွင်ပြောင်းမှုအားကောင်းလာပြီး စစ်ကောင်စီ၏ တပ်စခန်းတိ၊ ဒေါက်တိုင်တိ၊ မိမိရို့၏ စစ်ဆင်ရီးကို အနှောင့်အယှက်ပီးနီရေ ရန်သူ့စခန်းကုန်းတိကို အပြီးသတ်ဖြိုလဲနိုင်ဖို့ အတွက် ညီနောင်(၃)ဖွဲ့ က တခြား တော်လှန်ရီးမဟာမိတ် တပ်ဖွဲ့ဝင်တိနန့်လည်း
သတ်မှတ်ထားရေ စစ်ဆင်ရီး နီရာတိမာ စစ်ရီး ရည်မှန်း ချက်တိ အထမြောက်အောင် ဆက်လက်ပူးပေါင်း ဆောင် ရွက်လျက် ဟိရေပိုင် စစ်ဆင်ရီးဆင်နွှဲလာရေ တလကျော်ကာလအတွင်း မိမိရို့သတ်မှတ်ထားရေစစ်ဆင်ရီးပစ်မှတ် တိ၊ရည်မှန်းချက်တိကို တခုပြီးတခုဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်လျက်ဟိကြောင်းလည်း ညီနောင် မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
