APM၊နိုဗမ်ဘာ ၃၀/၂၀၂၃
ဒေနိ(နိုဗမ်ဘာ ၃၀ ရက်နိ) မိုးထ ၁၁ နာရီခွဲ လောက်က စစ်တွေမြို့မာ မဟာနွယ် ရက္ခိုင်စည်အဖွဲ့ဂေါင်းဆောင်နန့် တပည့် ၂ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးလားကြောင်း သိရပါရေ။
ဖမ်းဆီးခံရလူတိမာ စစ်တွေမြို့ မင်းဂံ အကွက် (၉)က မဟာနွယ် ရက္ခိုင်စည်အဖွဲ့ ဂေါင်းဆောင် ကိုဗီဇ (ခေါ်) ကျော်ငြိမ်းဦး ( ၃၀ နှစ် )နန့် မင်းဂံ အကွက် (၈)က ကိုဒူးရှည်(ခ) ဖြိုးမင်းဇော် နန့် နောက်ထပ် တပည့်တယောက်ပါဝင်ပါရေ။
ကိုဗီဇစွာ ကိုဒူးရှည်အပါအဝင် သူ့၏ တပည့်နှစ်ယောက်နန့်တတူ ဒေနိ မိုးထ ၁၁ နာရီခွဲ လောက်မာ အသိတယောက်ဘားသို့ လားနီစဉ် မင်းဂံထွက်ဝမာ စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၁၀ ကျော်လောက်က ဝိုင်းဝန်းဖမ်းဆီးလားခြင်းဖြစ်ကြောင်း မျက်မြင် ဒေသခံတိက ပြောပါရေ။
လက်ဟိ သူရို့ ၃ ယောက်ကို စစ်တွေမြို့ စစ်ကောင်စီ စရဖ ရုံးမာ ထိန်းသိမ်းထားကြောင်း သိရပါရေ။
စစ်ကောင်စီစွာ ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်နန့် တိုက်ပွဲ ဖြစ်တိုင်း ဒေသခံ အပြစ်မဲ့ အရပ်သား ပြည်သူ တိကို လူသားဒိုင်းကာ အဖြစ် အသုံးချပနာ မတရား ဖမ်းဆီးလိဟိပါရေ။
ရက္ခိုင်မာ ရက္ခိုင့်တပ်တော် နန့် စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားချိန်ကစလို့ စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတိကို နိတိုင်းဆိုရေပိုင် မတရားဖမ်းဆီးလျက်ဟိရာ နိုဗမ်ဘာ ၁၃ ရက်နိကနီ ဒေနိအထိ ရက္ခိုင်ပြည်သူ ၁၀၀ နီးပါးကို စစ်ကောင်စီဖမ်းဆီးထားကြောင်း သိဟိရပါရေ။