
APM ၊ နိုဗမ်ဘာ ၃၀/ ၂၀၂၃
ရက္ခိုင့်တပ်တော်(AA)နန့် ဆက်စပ်တေဆိုပနာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နန့် စစ်ကောင်စီက တရားစွဲထားရေ သံတွဲမြို့နယ်က ၄ ယောက်ကို နိုဗမ်ဘာ ၂၉ ရက်နိမာ စစ်ကောင်စီ၏ သံတွဲမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ မတရားချမှတ်လိုက်ကြောင်း သိရပါရေ။
ဥပဒေနန့်မညီ၊ တရားမျှတမှုမဟိပါဘဲထောင်ဒဏ် ၃ နှစ်စီချမှတ်ခံလိုက်ရရေ သံတွဲက ၄ ယောက်ကတော့ သံတွဲမြို့က သံတွဲခရိုင် ထွေ/အုပ် အကြီးတန်းစာရီး ဦးဝင်းမောင်မောင်ဖြိုး၊ သံတွဲဒေသခံ ဦးစိန်သောင်း၊ ဦးဝင်းမောင်နန့် ဦးခင်မောင်အေး ရို့ဖြစ်ကတ်ပါရေ။
သူရို့၄ယောက်ကို ကုန်ခရေ ၂၀၂၂ ခုနှစ်၊ နိုဗမ်ဘာလမာ စစ်ကောင်စီက မတရားဖမ်းဆီးခပြီး၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) နန့် ပတ်သက်တေဆိုပနာ ပုဒ်မ ၁၇(၁)နန့် တရားစွဲဆိုခစွာ ဖြစ်ပါရေ။
ယင်းနောက်တနှစ်ကျော် အကြာ တရားရင်ဆိုင်ခရပြီးကေ အဂုပိုင် စစ်ကောင်စီ၏ သံတွဲမြို့နယ်တရားရုံး (မတရားရုံး) ကစစ်အာဏာသျှင်အလိုကျထောင်ဒဏ် ၃ နှစ်စီ စီရင်ချက်ချမှတ်လိုက်စွာဖြစ်ပါရေ။
