
APM ၊ နိုဗမ်ဘာ ၃၀ / ၂၀၂၃
စစ်ကောင်စီ၏လက်နက်ကြီး၊လက်နက်ချေတိ၊ရီကြောင်းက ယမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်းတိနန့် ဒရုန်း၊ တိုက်လီယာဉ်တိနန့် ပစ်ခတ် တိုက်ခိုက်တေ လီကြောင်းရန်က ကြိုတင် ကာကွယ်နိုင်ဖို့အတွက် သိဟိထားသင့်ပြီးကေ လိုက်နာ ဆောင်ရွက်ရဖို့ အချက်တိကို ရက္ခိုင့်တပ်တော် AAက ဒေနိ (နိုဗမ်ဘာ ၃၀ ရက်နိ) ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ချေတိ၊ ရီကြောင်းက ယမ်းသန်းပစ်ခတ်တိုက် ခိုက်ခြင်းတိနန့် ဒရုန်း၊ တိုက်လီယာဉ်တိနန့် ပစ်ခတ်တိုက် ခိုက်တေလီကြောင်းရန်ကိုကြိုတင်ကာကွယ်နိုင်ဖို့အတွက် သိဟိထားသင့်ပြီးကေ လိုက်နာဆောင်ရွက်ရဖို့အချက် ၂၁ ချက် ပါဝင်ပြီးကေ ၎င်းရို့မာ –
၁။ စစ်ကောင်စီစွာ လက်နက်ကြီး၊လီကြောင်း၊ ရီကြောင်း၊ ဒရုန်းတိနန့် အချိန်မရွီး ပစ်ခတ်တိုက်ခိုက်နိုင်ရေဆိုရေအသိနန့် နီထိုင်ပနာ ဇာနီရာတိမာ တိုက်ပွဲဖြစ်ပွားနီလေး ဆိုရေခိုင်လုံရေသတင်းရင်းမြစ်တိနန့် လီယာဉ်၊ ဂျက်တိုက်လီယာဉ်၊ ဟတ်စကီးရို့ ပျံသန်းနီမှုတိကို နားစွင့်ပြီး ဉာဏ်ပညာ၊ သတိနန့် လားလာ လှုပ်ယှားကတ်ရန်။
၂။ မိသားစုဝင်တိထဲက လူမှုကွန်ယက်၊ အိန်တာနက် သုံး စွဲတတ်သူ တဦးဦးစွာ ခိုင်လုံရေသတင်းရင်းမြစ်တိကတဆင့် တိုက်ပွဲသတင်း၊ စစ်ရီးစစ်ရာသတင်း၊ လီကြောင်းရန်သတင်းတိကိုအချိန်နန့်တဗြီးညီသိဟိအောင် လေ့လာထားပြီး မိမိရို့၏ အနီးစပ်ဆုံးနီရာတိမာ တိုက်ပွဲတိဖြစ် လာပါက မိသားစုဝင်တိနန့်ဘေးပတ်ဝန်းကျင်ကိုအယင် ဆုံး ချက်ချင်းအသိပီးရန်နန့် အသင့်ပြင်ဆင်ထားရေဗုံး ခိုကျင်း(သို့မဟုတ်)ဗုံးဒဏ်ခံနိုင်ရေနီရာတိအတွင်းသို့ ဝင်ရောက် ထားကတ်ရန်။
၃။ အိန်တာနက်လိုင်း မရရေ နီရာတိမာ အာရက္ခပြည်သူ့အစိုးရက တာဝန်ပီးထားရေ အုပ်ချုပ်ရီးမှူး၊ ရပ်ရွာတာ ဝန်ခံတိ၏ ဖုန်းနံပါတ်တိကို ရယူထားပြီး တိုက်ပွဲသတင်းကို မိန်းမြန်းစုံစမ်းရေ အလိအထဟိရန်။
၄။ မြစ်ချောင်း၊ ကမ်းပါးအနားက မြို့၊ ကျေးရွာတိအနီနန့် စစ်ကောင်စီစစ်သင်္ဘော၊ဇက်သင်္ဘောတိရီလမ်းကြောင်း က တက်လာရေသတင်းကို နားစွင့်ထားပြီး ၎င်းသင်္ဘောတိထက်က လက်နက်ကြီးတိနန့် အချိန်မရွီးယမ်းသန်းပစ် ခတ် တိုက်ခိုက်နိုင်ရေဆိုရေ အသိ၊ သတိနန့်နီထိုင်ကတ်ရန်။
၅။ အာရက္ခပြည်သူလူထုတိနီထိုင်ရာ မြို့၊ ရွာတိအနားမာ စစ်ကောင်စီတပ်ဖွဲ့ဝင်တိ လာရောက် စခန်းချ တပ်စွဲပြီး လက်နက်ကြီး၊ ငယ်တိနန့်အချိန်မရွီး၊ အရပ်မျက်နှာမရွီး ယမ်းသန်းပစ်ခတ်နိုင်ရေအတွက်သတိထား စောင့်ကြည့် နီထိုင်ကတ်ရန်။
၆။ လီယာဉ်၊ ဂျက်တိုက်လီယာဉ်၊ ဟတ်စကီးရို့ကို မြင်နိုင်ကေလေ့ ဒရုန်းတိကိုကားသတိထားကြည့်မှရာ မြင်နိုင်ပြီး ဒေဂု နောက်ပိုင်းမာ စစ်ကောင်စီစွာ ကင်းထောက်ဒရုန်းတိကိုတင်မက တိုက်ခိုက်ရီးဒရုန်းတိကိုပါအသုံးပြုလာရေအတွက် နိခင်းနန့် ညည့်အချိန်တိမာ ဒရုန်းတိပျံသန်းလားလာနီမှုကို သတိထားစောင့်ကြည့်ပြီးနိုးနိုးကြားကြားအိပ် စက်ကတ်ရန်။
၇။ မိမိ၏ အပါးဟပ်စပ်မာ တိုက်ပွဲဖြစ်ပွားရေသတင်းနန့် လီယာဉ်ပျံသန်းနီမှုတိကို ကြားသိပါကကြိုတင်ပြုလုပ်ထားရေလုံခြုံကျင်း၊ဗုံးခိုကျင်း၊မြီအောက်ခန်း၊တူးမြောင်း ၊ကျည်၊ ဗုံးစရို့ အလွယ်တကူမဖောက်ထွင်းနိုင်ရေ ကျည်ကွယ် မျက်ကွယ်နီရာတိသို့ ချက်ချင်းဝင်ရောက်ရန်။ (ဆွီးနီရေ/ ပျက်စီးပြိုကျနီရေ/ခိုင်ခံ့မှုမဟိရေ အဆောက်အအုံ တိအတွင်း ဝင်ရောက်ပုန်းခိုအကာကွယ်ယူခြင်းကို အထူးယှောင်ယှားကတ်ရန်။)
၈။ မှန်ပြူတင်းပေါက်တိစွာ လက်နက်ကြီးစ၊ ဗုံးစထိမှန်ကေ ကွဲလွယ်နိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်လို့ မှန်ပြူတင်းပေါက်တိကို ပလတ်စတစ်၊ ကော်ကပ်တိတ်တိနန့် သေချာကပ်ထားရန်(သို့မဟုတ်)သဲအိတ်တိကို အကာအရံသဖွယ်ထားဟိရန်နန့် ပြူတင်းပေါက်တိက အဝီးဆုံးနီရာမာအကာအကွယ်ယူကတ်ရန်။
၉။အဝီးကလီယာဉ်လာသံကြားကေအပြင်သို့ထွက်ကြည့်ခြင်း၊ ဘေးပတ်ဝန်းကျင်ကို စူးစမ်းခြင်း၊ မိမိပုန်းအောင်းနီရေ နီရာက ခေါင်းပြုကြည့်ခြင်းရို့ကို မပြုလုပ်ဘဲ လုံခြုံရေနီရာမာနီထိုင်ကတ်ရန်။ (အချေသူငယ်၊ သက်ကြီးရွယ် အိုနန့် ကိုယ်ဝန်ဆောင်တိမာ နားကို ဂွမ်းစ သို့မဟုတ် ပိတ် စတခုခုနန့် ဆို့ပီးထားရန်)
၁၀။လက်နက်ကြီး၊ငယ်များပစ်ခတ်မှု၊လီကြောင်းပစ်ခတ် မှုတိနန့် ထိပ်တိုက်ကြုံတွိလာရရေအချိန်မာ အဆောက် အအုံ အပြင်ဖက်သို့ ရောက်နီပါက အနီးအနားဟိ လုံခြုံနိုင်ဖို့လို့ ယူဆရရေ ကျည်ကွယ်မျက်ကွယ်နိုင်ရေနီရာတိ၊ ရီမြောင်းတိပိုင် နီရာတိမာ အကာအကွယ်ယူရန်၊ တလင်း ပြင်တွင် ရောက်ဟိနီပါက မြီကြီးထက်တွင် ဝပ်နီရန်နန့် ဝပ်တေအခါမာလည်း ရင်ဘတ်ကို မြီကြီးနန့်ကပ်မထားသောအနီအထားဖြင့် ဝပ်နီရန်၊
၁၁။ လက်နက်ကြီး၊ ငယ်တိပစ်ခတ်မှု၊ လီကြောင်းပစ်ခတ်မှုတိနန့် ထိပ်တိုက်ကြုံလာရရေအခါ ကျည်ဆံလာရာဖက် ၏ ဆန့်ကျင်ဖက်သို့ ဗြီးရန် နန့် နီးစပ်ရာတောအုပ် (သို့မ ဟုတ်) အပင်ကြီးတိကြားထဲသို့ ဝင်ပုန်းရန်။
၁၂။ အနီးအနားမာ မည်သည့်အိမ်၊အဆောက်အအုံ မတွိပါက ရောက်ဟိနီရေ မြီပြင်၏ အနိမ့်ဆုံးအပိုင်းကိုရွီးချယ် နီရာယူရန်။
၁၃။ မြစ်ကမ်း၊ ချောင်းကမ်းနားတွင် နီထိုင်ကတ်သူများအနီနန့် ဗုံးခိုကျင်းများ ကြိုတင်ပြင်ဆင်ထားခြင်းမဟိပါက ကျည်ကွယ် မျက်ကွယ်ဟု ယူဆရရေခိုင်ခံ့ရေကမ်းထောင်းအကွယ်(ကမ်းပါး)ကို ရွီးချယ်နီရာယူကတ်ရန်။
၁၄။ လက်နက်ကြီးတိ ကျရောက်ပေါက်ကွဲကေ တုန်ခါမှုကြောင့်ဖြစ်ပေါ်လာရေ လှိုင်းတိကြောင့်အဆောက်အအုံတိ၊ နီအိမ်တိ၊ဘုန်းကြီးကျောင်းတိစွာ ပြိုကျတတ်တေအတွက် အနီးအနားဟိ လုံခြုံကျင်း၊ဗုံးခိုကျင်း၊ မြီအောက်ခန်း၊တူးမြောင်း၊ ရီစီးကြောင်းရို့ပိုင် နီရာတိမာ လားရောက်ပုန်းခိုရန်။ (အဆိုပါနီရာတိမဟိကေ အိမ်၏ အနိမ့်ဆုံးနီရာကိုရှာပနာ ကြမ်းပြင်နန့် တသားတည်းဖြစ်အောင် ဝပ်နီပါ။)
၁၅။ မီးလောင်လွယ်ရေပစ္စည်းတိ၊ ဓာတ်ဆီ၊ လောင်စာဆီတိကို လုံခြုံစွာသိမ်းဆည်းထားကတ်ရန် န့်ဗုံးခိုရေနီရာနန့် အဆိုပါ လောင်စာဆီတိကို သီးသန့်ထားဟိရန်။ (လက်နက်ကြီးကျည်၊ ဒရုန်းဗုံးတိ ကျရောက်ပေါက်ကွဲပြီးနောက် တခါတရံမာ မီးလောင်လွယ်တတ်လို့ သဲအိတ်၊ ရီ၊ ခွန်းချိတ်ရို့ကို အဆင်သင့်ကြိုတင်ပြင်ဆင်ထားရန်။)
၁၆။ အထူးသဖြင့် လျှပ်စစ်မီးနန့် ဂတ်စ်အိုးတိကို အသုံး ပြုသည့်မြို့ပြတိမာ လျှပ်စစ်နန့် ဂတ်စ်အန္တရာယ်ကိုသတိ ပြုကတ်ရန်။
၁၇။ သောက်သုံးရီ၊ စားနပ်ရိက္ခာခြောက်၊ အခြီခံဆီးဝါး၊ လောင်စာဆီ၊အရေးပေါ်အချက်ပီးကိရိယာဖြစ်တေ ပလီ၊ လက်နှိပ်ဓာတ်မီး၊ ဖုန်း၊ ပါဝါဘန့်၊ ဖယောင်းတိုင်၊ မီးဆွဲ၊ အရေးပေါ်ဆီးဝါး (အကိုက်အခဲ ပျောက်ဆီး၊ ဖျားနာပျောက်ဆီး၊ ဂွမ်း၊ ပတ်တီး၊ အရက်ပြန်၊ ဘီတာဒိုင်း)ရို့အပြင်အရေးကြီးစာရွက်စာတမ်း၊ တကိုယ်ရည်စာအဝတ် အစားရို့ကို မိမိနန့်တပါတည်း ပါနိုင်ရန် အဆင်သင့် ကြို တင်ထုပ်ပိုးထားရန်။
၁၈။ မိမိ၏ အနားပတ်ဝန်းကျင်မာ မပေါက်ကွဲသိမ့်ရေ စစ်လက်နက်ပစ္စည်းတိ၊ သံသယဟိဖွယ် ပစ္စည်းတိ၊ လက် နက်ကြီးအပိုင်းအစတိကို မစူးစမ်းမဆင်ခြင်ဘဲ လားကိုင် ခြင်း၊ နီရာရွှိပြောင်းခြင်းတိမပြုလုပ်ကတ်ရန်။ (မပေါက် ကွဲသိမ့်သော စစ်လက်နက်ပစ္စည်းအကြွင်းအကျန်များ တွိဟိပါက အာရက္ခပြည်သူ့အစိုးရမှ တာဝန်ပီးထားသော အုပ်ချုပ်ရီးမှူး၊ ရပ်ရွာတာဝန်ခံတိဘားသို့ အခြေအနီတည် ငြိမ်လားပြီးနောက်ဆက်သွယ်အကြောင်းကြားရန်။)
၁၉။ တောတောင်ထူထပ်သောနီရာများ၊ စစ်ကောင်စီတပ် ဖွဲ့ဝင်များ တပ်စွဲခသည့် နီရာများနန့် ၎င်းစခန်းအနီးအနားတိမာ ပေါက်ကွဲစီတတ်တေ မိုင်းတိ နန့် စစ်လက်နက် ပစ္စည်းအကြွင်းအကျန်တိဟိနိုင်ရေအတွက် အဆိုပါနီရာတိသို့ လားရောက်ခြင်းကို အတတ်နိုင်ဆုံး ယှောင်ယှားရန်။
၂၀။ ထိခိုက်ဒဏ်ရာရလားလူတိအတွက် အာရက္ခပြည်သူ့အစိုးရက တာဝန်ပီးထားရေ အုပ်ချုပ်ရီးမှူး၊ရပ်ရွာတာ ဝန်ခံတိကို အချိန်နန့်တဗြီးညီ ဆက်သွယ်အကြောင်းကြားလို့ အသက်အန္တရာယ်ကို အယင်ဆုံးကာကွယ်ရန်။
၂၁။စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှုနန့် စိုးရိမ်စိတ် လွန်ကဲခြင်းရို့ကို အတတ်နိုင်ဆုံးလျှော့ချပြီး ခက်ခဲသည့်အခြေအနီတိကို ရင်ဆိုင်ကြုံတွိလာရရေအခါ လိုက်လျောညီ ထွေဖြစ်အောင် အတတ်နိုင်ဆုံး နီထိုင်ကတ်ရန်။
အာရက္ခပြည်သူရို့အနီနန့် အသိ၊ သတိ၊ ဉာဏ၊ ခွန်အား၊ စုစည်းမှုတိနန့်ဒေကာလကို ညီညီညွတ်ညွတ်စည်းစည်း လုံးလုံး ရင်ဆိုင်ကျော်လွှားကတ်ဖို့ကိုလည်း ရက္ခိုင့်တပ်တော် AA က တိုက်တွန်းထားပါရေ။


