APM ၊ နိုဗမ်ဘာ ၃၀ / ၂၀၂၃
မင်းပြားမြို့နယ်မာ နိုဗမ်ဘာ ၂၉ ရက်နိ ညဇာက စစ်ကောင်စီတပ်လက်နက်ကြီးနန့်ပစ်ခတ်မှုကြောင့် အချေတယောက်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ဒဏ်ရာရလားကြောင်းသိရပါရေ။
ဒဏ်ရာရလားရေလူတိမာ မင်းပြားမြို့နယ်၊ အိုးပုံတောင်ရွာက မောင်မင်းသိန်းဇံ (၁ နှစ်) ၊ မယုမွန်အေး (၁၅ နှစ်)၊ မခင်မြင့်သန်း(၂၀ နှစ်)နန့် ဒေါ်ရီရီအေး (၃၇ နှစ်)ရို့ဖြစ်ကတ်ပါရေ။
နိုဗမ်ဘာ ၂၉ ရက်နိ ညဇာ ၇ နာရီခွဲလောက်ကစပနာ မင်းပြားအခြီစိုက် စစ်ကောင်စီတပ် တိုင်းဗဟို (၉) ကနီ တိုက်ပွဲဖြစ်မှု တစုံတရာမဟိဘဲ ရွာတိကို လက်နက်ကြီးတိနန့် ရည်ရွယ်ချက်ဟိဟိ အဆက်မပြတ်ပစ်ခတ်ခပါရေ။
ယင်းလက်နက်ကြီးတိထဲက ကျည်တလုံးစွာ အိုးပုံတောင်ရွာထဲကို ကျရောက်ပေါက်ကွဲခပနာ ပခက်မာ အိပ်နီရေ မောင်မင်းသိန်းဇံ မာလက်နက်ကြီးအစကျလို့ ဝမ်းပေါက်လားခရေပိုင်၊ မယုမွန်အေး၏ဘယ်ဖက်ခြီထောက်၊ မခင်မြင့်သန်း၏ ဂေါင်းနန့် ဒေါ်ရီရီအေး၏ ဘယ်ဖက်လက် ရို့မာ ဒဏ်ရာရဟိလားခကြောင်း ရွာသားတိကပြောပါရေ။
မောင်မင်းသိန်းဇံ နန့်မခင်မြင့်သန်းရို့မာ ဒဏ်ရာပြင်းထန်လို့ ယင်းနိချက်ချင်း မင်းပြားမြို့နယ်၊ ပြိုင်းချောင်းရွာဟိ ဆီးခန်းသို့ အရေးပေါ်ပို့ဆောင်လိုက်ရပြီးကေ ယင်းကတဆင့် ဒေနိ မိုးထက မြောက်ဦး ဆီးရုံကြီးသို့ အရေးပေါ်ပို့ဆောင် လိုက်ကတ်ရကြောင်း သိရပါရေ။
ရက္ခိုင်မာ ရက္ခိုင့်တပ်တော်AAနန့် စစ်ကောင်စီတပ်ရို့တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတိနီထိုင်ရေ ရပ်ရွာတိကို လက်နက်ကြီး၊ လက်နက်ချေတိနန့် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်တိုက်ခိုက်နီပါရေ။