
APM၊ အောက်တိုဘာ ၃၀/ ၂၀၂၄
ပြည်သူ့ကာကွယ်ရီးတပ်မတော် (မန္တလေး) MDY- PDF ၏ စစ်သုံ့ပန်းတိထားရေ အချုပ်ဆောင်ကို ဒေနိမာလည်း စစ်ကောင်စီက ထပ်လို့ ဗုံးကြဲတိုက်ခိုက်တေအတွက် ဗိုလ်မှူးတယောက် အပါအဝင် စစ်သုံ့ပန်း ၄ ယောက်သီဆုံးလားပြီးကေ ၁ ယောက် ထိခိုက်ဒဏ်ရာရလားရေလို့ MDY – PDF က သတင်းထုတ်ပြန်ပါရေ။
အောက်တိုဘာ ၃၀ ရက်နိ ၊ မိုးထ ၁ နာရီလောက်မာ မန္တလေး PDF၏စစ်သုံ့ပန်းတိ ကိုထားရေအချုပ်ဆောင်ကို စစ်ကောင်စီက လီကြောင်းတိုက်ခိုက်မှု ထပ်လို့ ပြုလုပ်ခရေလို့ ဆိုပါရေ။
ယင်းလီကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရရေ ဗိုလ်မှူး နေဝင်း၊ တပ်ကြပ်ကြီးစာရေး ၁ ယောက်၊ တပ်ကြပ် ၁ ယောက်နန့် ပျူစောထီး ၁ ယောက် စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်သီဆုံးပနာ ၁ ယောက် ထိခိုက်ဒဏ်ရာရလားခပါရေ။
စစ်ကောင်စီစွာ အောက်တိုဘာ ၂၈ ရက်နိ၊ ညဇာဖက်ကလည်း MDY – PDF ၏ စစ်ဆင်ရီးတိအတွင်း ဖမ်းရထားရေ စစ်သုံ့ပန်းတိကို ထားရေ အချုပ်ဆောင်တည့်တည့်သို့ ဗုံးချလို့ စစ်သုံ့ပန်း ၈ ယောက်အပါအဝင် ၁၂ ယောက် သီဆုံးပနာ ၆၀ လောက် ထိခိုက်ဒဏ်ရာရခပါသိမ့် ရေ။
ယင်းကြောင့် စစ်ကောင်စီတပ်ရေ သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရရေ သူရို့တပ်ဖွဲ့ဝင်တိကို ပစ်မှတ်ထားပနာ လီကြောင်းတိုက်ခိုက်မှုတိ ပြုလုပ်နီစွာကြောင့် ၂ ရက်တာအတွင်း သီဆုံးလူ ၁၆ ယောက်အထိ ဟိလာရေလို့ သိဟိရပါရေ။
Photo – MDY – PDF






