
APM၊ အောက်တိုဘာ ၃၀/၂၀၂၄
ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကင်းမော်တိုက်နယ်၊ ဆင်ခေါင်းရွာ ရွာဦးဘုန်းကြီးကျောင်း(ရတနာအောင်မြေကျောင်းတိုက်)ကို အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာ ၂၉၊ ၃၀ ရက် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ရာကျောင်းတိုက်ပျက်စီးပြီး ကျောင်းထိုင် ဆရာတော် အသျှင်သိရီတေဇ (သက်တော် ၅၈ နှစ်) ဒဏ်ရာရလားရေလို့ ဒေသခံတိက ပြောပါရေ။
မိစ္ဆာဒိဋ္ဌိ အကြမ်းဖက် စစ်ကောင်စီစွာဗုဒ္ဓဘာသာဝင်ရို့၏ အလေးအမြတ်ထားရာ ဆင်ခေါင်းရွာဦးဘုန်းကြီးကျောင်းကို အငြိုးအတေးကြီးစွာ အောက်တိုဘာ ၂၉ ရက်နိ၊နိခင်း ၂ နာရီ ၁၅ မိနစ်မာ တကြိမ်၊ အောက်တိုဘာ ၃၀ ရက်နိ၊ နိခင်း ၁၂ နာရီ ၁၂ မိနစ်မာတကြိမ် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခပါရေ။
ယင်းသို့ မိစ္ဆာဒိဋ္ဌိ အကြမ်းဖက် စစ်ကောင်စီ၏ အာဃာတကြီးစွာ သာသနိက အဆောက်အအုံ (ရွာဦးကျောင်းတော်)ကို နှစ်ရက် ဆက်တိုက် အားကြိုး မာန်တက် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ကျောင်းတိုက်ပြိုပျက်လားပြီးကေ အောက်တိုဘာ ၂၉ ရက်နိ၊ နိခင်းပိုင်း ပထမနိ တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမာကျောင်းထိုင်ဆရာတော် ဗုံးစထိမှန် ဒဏ်ရာလားခစွာ ဖြစ်ပါရေ။
အလားတူ ကုန်ခရေ အောက်တိုဘာ ၂၅ ရက်နိကလည်း အကြမ်းဖက် စစ်ကောင်စီစွာ ဆင်ခေါင်းရွာ အထက်တန်းကျောင်းကို အငြိုးအတေးကြီးမားစွာ ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းဆောင်ပြိုထွက်ပျက်စီးလားခရပါသိမ့်ရေ။
ယင်းအပြင် ကုန်ခရေ ဂျုန်လ ၄၊၅ ရက်နိတိကလည်း အကြမ်းဖက်စစ်ကောင်စီစွာ တိုက်လီယာဉ်နန့် ဆင်ခေါင်းရွာကို ဗုံးကြဲတိုက်ခိုက်ခပြီးကေ ပင်လယ်ပြင်ဟိ စစ်ကောင်စီနေဗီကလည်း လက်နက်ကြီးတိနန့် လူမဆန်စွာ ပစ်ခတ်တိုက်ခိုက်ခရေအတွက် ဆင်ခေါင်းရွာက အပြစ်မဲ့ပြည်သူ အများအပြား သီဆုံး ဒဏ်ရာရပနာ၊ လူနီအိမ်တိလည်း မကန် ပျက်စီးခရပါရေ။
ပုံစာ- သံတွဲမြို့နယ်၊ ကင်းမော်တိုက်နယ်၊ ဆင်ခေါင်းရွာ ရွာဦးဘုန်းကြီးကျောင်း (ရတနာအောင်မြေကျောင်းတိုက်)ကို အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာ ၂၉၊ ၃၀ ရက် နှစ်ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းထိုင်ဆရာတော် ဒဏ်ရာရလားပြီး ကျောင်းဆောင်လည်းပြိုပျက်လားသည်ကို တွိရစဉ်(APM)။






